အင်္ဂလိပ်အက္ခရာ ၂၆ လုံးဖြင့် နာမည်ပြောင်းလဲခဲ့သော အမျိုးသမီး


ကိုလံဘီယာမှ လေဒီဇွန်ဂါဆိုက်ဘော့ဟူသော အမျိုးသမီးမှာ သူမ၏ နာမည်အား Abcdefg Hijklmn Opqrst Uvwxyz ပြောင်းလဲခဲ့ရာ ခေါ်ဝေါ်ရခက်ခဲပြီး ထူးဆန်းသည့် နာမည် ဖြစ်နေခဲ့သည်။ သူမ၏ နောက်ဆုံးနာမည်မှာ Opqrst Uvwxyz ဖြစ်ပြီး လူအများကမူ နာမည်အတိုကောက်အဖြစ် Abc ဟု ခေါ်ရမည့် အနေအထား ဖြစ်သည်။

သူမသည် ဖက်ရှင်ကျကျ ၀တ်စားဆင်ယင်တတ်သူ တစ်ယောက် ဖြစ်သလို ယခင်ကလည်း နာမည် အမျိုးမျိုး ပြောင်းလဲခဲ့ဖူးသည်။ သူမ နောက်ဆုံးပြောင်းလဲသည့် နာမည်ကမူ အတော်လေး မှတ်ရခက်ပြီး ခေါ်ရလည်း မလွယ်သော နာမည်မျိုး ဖြစ်သည်။

ကိုလံဘီယာ အမျိုးသားမှတ်ပုံတင် ဋ္ဌာနမှ တာဝန်ရှိသူတစ်ဦးက “ မှတ်ပုံတင်ဋ္ဌာနက ၀န်ထမ်းတစ်ဦးအနေနဲ့ သူမရဲ့ အမည်ပြောင်းလဲမှုကို မှတ်ပုံတင်ပေးဖို့ ပျက်ကွက်မယ်ဆိုရင် နိုင်ငံရဲ့ဥပဒေကို ချိုးဖောက်တာနဲ့ အတူတူ ပါပဲ။ မစ္စအေဘီစီဟု နာမည်အတိုကောက်ဖြင့် ခေါ်ရမည့် အမျိုးသမီးသည် အနုပညာကျောင်းမှ ဆရာမတစ်ဦး ဖြစ်သလို ဖက်ရှင်ဒီဇိုင်နာတစ်ဦးလည်း ဖြစ်သည်။ သူမသည် နောက်ဆုံးအမည်ကို ၂၀၁၂ က မှတ်ပုံတင်ရုံးတွင် တရားဝင်ပြောင်းလဲခဲ့ပြီး ၂၀၁၃ တွင်မှ တရားဝင်မှတ်ပုံတင် ရရှိခဲ့သည်။

Planet

မှတ်ချက်များ