ဝှိုက်ကတ် ပယ်ဖျက်ကြောင်း အစိုးရ ကြေညာ
ဝှိုက်ကတ်လို့ ခေါ်တဲ့ ယာယီ သက်သက်ခံ လက်မှတ်တွေကို ပယ်ဖျက်ကြောင်း အမိန့်ကြေညာချက် တစ်ရပ်ကို မြန်မာအစိုးရက ထုတ်ပြန်လိုက်ပါတယ်။
ဒါကြောင့် ဝှိုက်ကတ် ကိုင်ဆောင်သူတွေရဲ့ မဲပေးခွင့် အလိုအလျောက် ပယ်ဖျက်ပြီး ဖြစ်ကာ ကတ်ပြားတွေ ပြန်လည် အပ်နှံဖို့ မတ်လ ၃၁ ရက် ကနေ မေလ ၃၁ ရက် အထိ အချိန် ပေးထားတယ်လို့ ဆိုပါတယ်။
ဝှိုက်ကတ် အပေါ် ရဟန်းရှင်လူ အများအပြားက ဝေဖန်မှုတွေ ရှိနေလို့ ဖျက်သိမ်းတယ်လို့ ဖော်ပြပြီး ဝှိုက် ကက်နဲ့ ပတ်သက်တဲ့ ဥပဒေ၊ နည်းဥပဒေတွေနဲ့ ဆက်စပ် ကိစ္စရပ်တွေ လေ့လာသုံးသပ် အကြံပြုရေး ကော် မရှင်ကို ဖွဲ့စည်း တာဝန်ပေးသွားမယ်လို့လည်း ကြေညာထားပါတယ်။
ဝှိုက်ကတ် ကိုင်ဆောင်သူတွေကို မဲပေးခွင့်ပြုဖို့ မကြာခင်ကပဲ လွှတ်တော်က အတည်ပြုခဲ့ပြီး ဒီအပေါ် ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေလည်း ဒီကနေ့ ရန်ကုန်မှာ ပထမဆုံး အကြိမ်အဖြစ် ပြုလုပ်ခဲ့ကြပါတယ်။
BBC Burmese

မှတ်ချက်များ