ချစ်တူ စုံတွဲ များအတွက် ချောက်ကမ်းပါး တွဲလောင်း ဟိုတယ်
ဗြိတိန်နိုင်ငံမှ Portaledge Hotel အမည်ရ ဟိုတယ်ဟာ ချစ်တူ စုံတွဲ များအတွက် ချောက်ကမ်းပါး တွဲ
လောင်း ဟိုတယ်ကို စီစဉ်ပေးထားပါတယ်။ ပုံမှာ မြင်တွေ့ ရသလိုပါပဲ တစ်ညကို ဗြိတိန်ပေါင် ၅၀၀ ပေးလို့ တည်းခိုခွင့်ရမယ့် North Wales ကမ်းခြေဒေသက ချောက်ကမ်းပါးများ ဖြစ်ပါတယ်။
အဲ့ဒီမှ တည်းခိုမယ်ဆိုရင် ဟိုတယ်ဝန်ထမ်းများက တည်းလိုသူများကို ချောက်ကမ်းပါးသို့ ပို့ပေးပြီးတွဲလောင်း
camp ပေါ်ကို ကြိုးနဲ့ ချပေးပါလိမ့်မယ်။ မနက်စာ နဲ့ လိုရာ အသုံးအဆောင်ကိုလည်း ကြိုးနဲ့ ချပေးပါတယ်။ ရာသီဥတု အရမ်းဆိုးနေရင်တော့ အပေါ်ကို ပြန်ခေါ်ပေမယ့် တော်ရုံကတော့ မိုးဖွဲဖွဲလေးလောက် ကတော့ မမူပဲ အိပ်ကြသတဲ့။ ချစ်သူများ နေ့မှာ လာချင်တဲ့ လင်မယားတွေ အပြင် စွန့်စွန့်စားစား အာရုံကို ခံစားလိုသူ စုံတွဲများအတွက် ရည်ရွယ်ဖန်တီးသတဲ့။ ပေ ၂၀၀ အမြင့် ချောက်ကမ်းပါးမှာ တွဲလောင်း အိပ်တာဆိုတော့ ကြောက်စရာကောင်းတာတော့ အမှန်ပါပဲ။
ချောက်ကမ်းပါးမှာ တွဲလောင်းအိပ်စက်ပြီး စွန့်စားပြတဲ့ တောက်တက်သမားများလည်း ရှိပေမယ့် Portaledge Hotel ဟိုတယ်ကတော့ လူတိုင်း ခံစားနိုင်အောင် တစ်ည ပေါင် ၅၀၀ တန်ဖိုးနဲ့ ဟိုတယ်တောင် ဖွင့်ခဲ့ပါသေးတယ်။
အောင်ခမ်း (ရိုးရာလေး)







မှတ်ချက်များ