စက်ရုပ်ဖုန်စုပ်စက်က အိမ်ရှင် အမျိုးသမီး၏ ဆံပင်ကို အမှိုက်နှင့်မှား၍ လိုက်လံစုပ်ယူခဲ့


တောင်ကိုရီးယား နိုင်ငံတွင် အမျိုးသမီး တစ်ဦး အိပ်နေစဉ် နေအိမ်သုံး စက်ရုပ် ဖုန်စုပ်စက်က သူမ၏ ဆံပင် အား အမှိုက်ဟု ယူဆကာ လိုက်လံ ဖမ်းစုပ်ခြင်းကို ပြုလုပ် ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွား ခဲ့ကြောင်း သိရ သည်။

ဖြစ်ပွားပုံမှာ ချန်းဝန်မြို့တွင် နေထိုင်သူ အသက် ၅၂ နှစ်အရွယ်ရှိ အမျိုးသမီးသည် နေအိမ် ကြမ်းပြင်တွင် အိပ်နေစဉ် စက်ရုပ် ဖုန်စုပ်စက်က သူမ၏ ဆံပင်အား အမှိုက် နှင့်မှားကာ လိုက်လံ စုပ်ယူခဲ့ခြင်း ဖြစ်သည်။

သူမသည် ဖုန်စုပ်စက်၏ စုပ်ယူမှုမှ လွတ်မြောက်အောင် ကြိုးပမ်းနိုင်ခြင်း မရှိသဖြင့် မီးသတ်ဌာနသို့ ဖုန်း ဆက်၍ အကူအညီ တောင်းခံခဲ့ ရသည်။

ထို့နောက် မီးသတ် တပ်ဖွဲ့ဝင်များ နှင့် ကျန်းမာရေး ဝန်ထမ်းများ ပူးပေါင်း၍ ဖုန်စုပ်စက် အတွင်း ဆံပင်ညပ် နေခြင်းကို အောင်မြင်စွာ ဖယ်ထုတ် နိုင်ခဲ့ကြောင်း သိရသည်။

စက်ရုပ် ဖုန်စုပ်စက် အသုံးပြုမှုသည် မကြာသေးမီ နှစ်များ အတွင်းက ပိုမို တွင်ကျယ်စွာ အသုံးပြု လာခဲ့ခြင်း ဖြစ်သည်။

PyiChitThar

မှတ်ချက်များ