အရွယ်ရောက် ကလေးတွေကို အိမ်ထဲမှာ ဆယ်စုနှစ်တစ်ခုကြာ သော့ပိတ်ထားခဲ့တဲ့ မိခင်
မိခင် တစ်ယောက်ဟာ သူမရဲ့ ကလေး ၃ ယောက်ကို တိုက်ခန်းတစ်ခုထဲမှာ ၁၀ နှစ်တိုင် တိုင် သော့ခတ် ထားခဲ့တဲ့ အတွက် အဖမ်းခံခဲ့ရပါတယ်။ ဆွီဒင်နိုင်ငံ က မြို့ငယ်တစ်ခုဖြစ်တဲ့ Bromolla မှာ နေထိုင်တဲ့ အ သက် ၅၉ နှစ်အရွယ် အမျိုးသမီးဟာ သူ့ရဲ့ ကလေးငယ်တစ်ယောက် ထွက်ပြေးသွားတဲ့အတွက် အိမ် နီးချင်း တစ်ယောက်ကို ရဲ့ တပ်ဖွဲ့ ထံ အကြောင်းကြား ပေးဖို့ အကူအညီတောင်းခဲ့ပါတယ်။
သို့သော်လည်း ထိုကလေးတွေဟာ အသက်အရွယ်တော်တော်လေး ကြီးနေပါပြီ။ အကြီးဆုံး ၃၂ နှစ် ရှိ ပြီဖြစ်ပြီး ၂၄ နှစ် နဲ့ ၂၃ နှစ် ကလေးတွေ ပဲဖြစ်ပါတယ်။ အိမ်နီးချင်းတွေရဲ့ ပြောကြားချက် အရတော့ ထို မိန်း ကလေး ၃ ယောက်ဟာ အိမ်အပြင် တစ်ခါမှ ထွက်မလာခဲ့ဘူး လို့သိရပါတယ်။
အခုလို အရွယ်ရောက် ကလေးတွေကို အိမ်ထဲမှာ ဆယ်စုနှစ် တစ်ခုကြာ သော့ပိတ်ထားခြင်းမှာ ကလေး
တွေ ကို သူမတို့ရဲ့ ဖခင်ဖြစ်သူနဲ့ အဆက်အသွယ် ရသွားမှာ စိုးတဲ့ အတွက် ဖြစ်တယ်လို့ ထို အမျိုးသမီးက ဆို ပါတယ်။ ထိုကလေး ၃ ယောက်ရဲ့ ဖခင်ဖြစ်တယ်လို့ ဆိုသူ အမျိုးသား တစ်ဦးကတော့ ထိုကလေးတွေ ကို လိုက် ရှာနေတာ ၁၇ နှစ်ရှိပြီလို့ ဆွီဒင် နိုင်ငံ သတင်းစာ တစ်စောင်ကို ပြောထားပါတယ်။
Thithtoolwin

မှတ်ချက်များ