အမျိုးသားတွေရဲ့ ထိပါးစော်ကားတာကို ကာကွယ်ဖို့ သံချပ်ကာဝတ်စုံကို ၀တ်ဆင်ခဲ့တဲ့ Afghan အမျိုးသမီးတစ်ဦး


Afghan က အနုပညာရှင်တစ်ဦးဖြစ်တဲ့ Kubra Khademi ဟာ အိမ်အပြင်ထွက်တဲ့အခါ သူတို့နိုင်ငံက အမျိုး သားတွေရဲ့ ထိပါးစော်ကားမှုကို ကာကွယ်ဖို့ သံချပ်ကာဝတ်စုံကို ၀တ်ဆင်လေ့ရှိတယ်လို့ သိရပါတယ်။ သူမရဲ့ စကားအရ "ကျွန်မ ငယ်ငယ်လေးကတည်းက ယောင်္ကျားတွေဟာ ကျွန်မကို ဟိုထိဒီထိလုပ်တာ၊ Kabul လမ်းမတွေမှာ စော်ကားပြုမူတာတွေကို ခဏခဏ ကာကွယ်ရတာမျိုးတွေ ရှိခဲ့ပါတယ်။ ကျွန်မအ သက်ကြီးလာတော့ ပိုဆိုးလာတာပေါ့။ ဒါ ကျွန်မတစ်ယောက်တည်း ကြုံတွေ့နေရတာ မဟုတ်ပါဘူး။ ဒီက အမျိုးသမီးတွေ အကုန်လုံး ကြုံနေရတာပါ"လို့ ဖွင့်ဟသွားပါတယ်။

Khademi ဟာ အပြင်ထွက်ပြီဆိုတာနဲ့ လူကြားထဲတိုးဝင်ပြီး လမ်းလျှောက်ရတော့တာပါပဲ။ ဒါတောင် သူမကို နှောင့်ယှက်တဲ့လူတွေက အဲ့ဒီလူတွေကြားထဲ သူမကို လိုက်ရှာတတ်တာကြောင့် ပုန်းကွယ်ပြီး သွားလာရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သူမကို ကာကွယ်ပေးတဲ့လူတွေကိုလည်း ခုန အမျိုးသားတွေဟာ ထိုးကြိတ်ကန်ကြောက်ခဲ့ကြပါသေးတယ်တဲ့။ သူမသူငယ်ချင်းတွေလည်း ခုလို ထိပါးမှုတွေ အကြိမ်ကြိမ် ကြုံခဲ့ရတာပါ။ နောက်ဆုံးမှာ ဒီလို အမျိုးသမီးတွေကို စော်ကားပြုမူသူတစ်ချို့ဟာ သူမရဲ့အိမ်ရှေ့ထိ ရောက် လာကြတာကြောင့် သူမဟာ သူငယ်ချင်းအိမ်မှာပုန်းနေခဲ့ရပြီး နေထိုင်ရတာ လုံခြုံမှုမရှိတော့သလိ ခံစားလာ ရပါတယ်။ ဒါ့ကြောင့် နောက်ဆုံးမှာတော့ သူမဟာ အားလုံးကို ခုလို ဖွင့်ဟဖို့ စီစဉ်လိုက်ပါတော့တယ်။

"ကျွန်မ ခုချိန်မှ အားလုံးသိအောင် မပြောခဲ့ဘူးဆိုရင် တစ်နေ့ ကျွန်မသမီးလေးလည်း ဒီလိုအဖြစ်မျိုးတွေ ကြုံလာရလိမ့်မယ်။ ကျွန်မမြေးတွေလည်း ဒီလိုအဖြစ်မျိုးတွေ ကြုံလာရလိမ့်မယ်။ ဒီတော့ ကျွန်မမျိုးဆက်ဟာ ဒီအဖြစ်အပျက်တွေကို ချိုးဖျက်နိုင်မှရမယ်"လို့ ဆိုသွားပါတယ်။

မေသော် - Trend Myanmar

မှတ်ချက်များ