Anwar Ibrahim သမီး ဖမ်းဆီးခံရ

မလေးရှား အတိုက်အခံ ခေါင်းဆောင် Anwar Ibrahim ရဲ့ သမီးကြီး Nurul Izzah (Credit: ABC) 
မလေးရှားနိုင်ငံရဲ့ ​အတိုက်အခံ ​နိုင်ငံရေးသမား ​Anwar ​Ibrahim ​ရဲ့ ​သမီးကြီးဟာ ​ဖခင်ဖြစ်သူ ​ထောင်ချ ခံနေရတဲ့ ​ကိစ္စနဲ့ ​ပတ်သက်ပြီး ​ပါလီမန်မှာ ​ဝေဖန်ပြောကြားခဲ့တာကို ​အာဏာပိုင်တွေက ​နိုင်ငံတော် ​ပုန် ကန်ရေး ​မိန့်ခွန်းတွေ ​ပြောခဲ့တယ်ဆိုပြီး ​ဖမ်းဆီး ခံနေရပါတယ်။

Anwar ​Ibrahim ​ရဲ့ ​သမီးကြီး ​အသက် ​၃၄ ​နှစ်အရွယ် ​Nurul ​Izzah ​ဟာ ​လွှတ်တော်အမတ် ​တစ်ဦးဖြစ်ပြီး ​ဖခင်လိုပဲ ​လူသိများတဲ့ ​နိုင်ငံရေးသမား ​ဖြစ်ပါတယ်။

အေဘီစီကို ​ပြောပြချက်အရ ​ရဲတွေက ​သူ့ရဲ့ ​လက်ဗွေတွေယူပြီး ​သူ့ဓာတ်ပုံ ​ရိုက်ခဲ့သလို ​မကြာခင်မှာ ​တရား စွဲခံရမယ့် ​အနေအထား ​ရှိနေပြီလို့ ​ဆိုပါတယ်။

နိုင်ငံတော် ​ပုန်ကန်မှု ​ဥပဒေနဲ့ ​ပါလီမန်အတွင်းမှာ ​ဖမ်းဆီးခံရတာဟာ ​၁၉၇၈ ​ခုနှောက်ပိုင်း ​ဒါဟာ ​ပထမဆုံး အကြိမ် ​ဖြစ်တယ်လို့လည်း ​သူက ​ပြောပြပါတယ်။

အရင်တစ်ပါတ် ​အင်္ဂါနေ့မှာ ​ပြုလုပ်တဲ့ ​ပါလီမန် ​အစည်းအဝေးအတွင်းမှာ ​မစ္စ ​Nurul ​က ​ပြောကြားတဲ့ ​မိန့်ခွန်းနဲ့ ​ဆက်စပ်ပြီး ​ဖမ်းဆီးခံရတာဖြစ်ပေမယ့် ​ဘယ်အချက်က ​အခုလို ​ဖြစ်စေသလဲ ​ဆိုတာ ​မသိရသေးပါဘူး။

ဒါပေမဲ့ ​မစ္စ ​Nurul ​ဟာ ​သူ့ဖခင် ​ထောင်ဒဏ်ကျခံရတဲ့ ​ကိစ္စနဲ့ ​ပတ်သက်ပြီး ​မလေးရှား ​အစိုးရကို ​ဝေဖန် မှုတွေ ​လုပ်ခဲ့တယ်လို့ ​ဆိုပါတယ်။ ​Anwar ​Ibrahim ​ထောင်ဒဏ် ​ကျခံရတဲ့ ​ကိစ္စကို ​ဝေဖန်ကြမယ်ဆိုရင် ​အရေးယူနိုင်တယ်လို့ ​အာဏာပိုင်တွေက ​သတိပေးထားပါတယ်။

မစ္စ ​Nurul ​က ​လွှတ်တော်အမတ် ​ဖြစ်တဲ့ ​သူ့ဖခင်အနေနဲ့ ​အစိုးရကို ​ဝေဖန်ခွင့်ရှိသင့်ပေမယ့် ​အခုလို ​ထောင်ချခံရတဲ့အပေါ် ​ဒေါသထွက်မိပြီး ​လူတိုင်းကလည်း ​မကျေမနပ် ​ဖြစ်သင့်တယ်လို့ ​ပြောဆို ​ဝေဖန်ခဲ့ ပါတယ်။

ဒီနှစ်ပိုင်းအတွင်း ​မလေးရှား ​အတိုက်အခံ ​နိုင်ငံရေးခေါင်းဆောင်တွေကို ​နိုင်ငံတော် ​ပုန်ကန်ဖို့ ​ကြိုးစားတယ် ဆိုတဲ့ ​စွဲချက်တွေနဲ့ ​အာဏာပိုင်တွေက ​ဖမ်းဆီးထောင်ချတာတွေ၊ ​တရားစွဲဆိုတာတွေအပြင် ​စုံစမ်းစစ်ဆေး မှုတွေ ​ဆက်တိုက်ဆိုသလို ​လုပ်ဆောင်နေတယ်လို့လည်း ​သိရပါတယ်။

မလေးရှား ​အတိုက်အခံ ​ခေါင်းဆောင် ​Anwar ​Ibrahim ​ကတော့ ​၂၀၀၈ ​ခုနှစ်တုန်းက ​သူ့ရဲ့ ​အမျိုးသား ​ဝန်ထမ်းတစ်ဦးနဲ့ ​လိင်တူချင်း ​ဆက်ဆံတယ်ဆိုပြီး ​ပြီးခဲ့တဲ့ ​ဖေဖော်ဝါရီလတုန်းကပဲ ​ထောင်ဒဏ် ​၅ ​နှစ် ​ကျခံနေရပါတယ်။

Anwar ​Ibrahim ​ကတော့ ​သူ့ရဲ့ ​နိုင်ငံရေး ​သက်တမ်း ​အဆုံးသတ်နိုင်အောင် ​နိုင်ငံရေးအရ ​အခုလို ​အပြစ်ပေးခံရတယ်လို့ ​မလေးရှားရဲ့ ​ညွန့်ပေါင်းအစိုးရကို ​ဝေဖန်လိုက်ပါတယ်။

မလေးရှားနိုင်ငံရဲ့ ​တရားရေးရာဟာလည်း ​အစိုးရနဲ့ ​ကင်းရှင်းလွတ်လပ်မှု ​မရှိဘူးလို့ ​ဝေဖန်လိုက်ပါတယ်။

မလေးရှားနိုင်ငံက ​ညွန့်ပေါင်းအစိုးရဟာ ​၁၉၅၇ ​ခုနှစ် ​ကတည်းက ​အာဏာ ​ရယူထားတယ်လို့လည်း ​သိရပါတယ်။

ABC Radio Australia

မှတ်ချက်များ