ကမ္ဘာ့ပထမဆုံး လူသားဦးခေါင်း အစားထိုးခွဲစိတ်ကုသမှုနှစ်နှစ်အတွင်း ဖြစ်လာနိုင်ခြေရှိဟုဆို
သိပ္ပံပညာရှင်တွေက ဦးခေါင်း အစားထိုးကုသမှုဟာ အမှန်တကယ်ဖြစ် လာနိုင်ခြေရှိတယ်လို့ယုံ ကြည်နေ ပြီး ယင်းခွဲစိတ်ကုသမှုအစီအစဉ်ကို လာမည့်နှစ်နှစ် အတွင်း အကောင် အထည်ဖော်နိုင်ဖို့ ကြိုး ပမ်းနေကြ တယ်လို့ သိရတယ်။
ဦးခေါင်းအစားထိုးကုသမှု စီမံ ကိန်းကို ဦးဆောင်မယ့်သူက အီတလီဆရာဝန် ဆာဂျီယို ကာ နယ်ဗာရိုးဖြစ် ပြီး ဦးခေါင်း အစားထိုး ကုသမှုဟာ ကြွက်သားပိုင်း ဆိုင်ရာ ရောဂါ တွေနဲ့ ကင်ဆာရောဂါဝေဒနာသည်တွေ ကို ကုသရာမှာ အထောက်အကူဖြစ်စေမယ် လို့ ဒေါက်တာဆာဂျီယိုက ယုံကြည်နေပါ တယ်။ ေ
ဒေါက်တာဆာဂျီယိုရဲ့ အဆိုအရ ဦးခေါင်းအစား ထိုးကုသမှုကို ယခုလအတွင်း အောင်မြင်စွာ ပြုလုပ်နိုင်ဖွယ် ရှိတယ်လို့ သိရပြီး ကုသမှုခံယူတဲ့သူဟာ ခွဲစိတ်မှုပြီး ရင် သီတင်းပတ်လေးပတ်လောက် မေ့မြော နေမယ်လို့ ဆိုပါတယ်။
ဦးခေါင်းအစားထိုးကုသမှု ခံ ယူသူဟာ သတိပြန်လည်ရရှိလာရင် မူလ အသံ၊ မူလလှုပ်ရှားမှု၊ မူလခံစား ချက်တွေနဲ့ လှုပ်ရှားနိုင်မှာဖြစ်ပြီး လမ်းလျှောက်ဖို့အ တွက်တော့ တစ်နှစ်ဝန်းကျင် ပြန်လည်သင် ကြားရ ဖွယ်ရှိတယ်လို့ ဆိုပါတယ်။
ဆာဂျီယိုရဲ့အစီအစဉ်ကို ဖြစ်နိုင် ခြေမရှိဘူးလို့ ဝေဖန်မှုတွေလည်း ရှိနေပါ တယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့အနှစ် ၄ဝခန့်က ပထမဆုံးအကြိမ် မျောက်တွေမှာ ဦးခေါင်း အစားထိုးကုသမှု အောင်မြင်စွာ စမ်းသပ် နိုင်ခဲ့သလို မကြာသေးခင် ကာလကလည်း တရုတ်နိုင်ငံမှာ ကြွက်တစ်ကောင်နဲ့ ဦးခေါင်း အစားထိုး ကုသမှုကို စမ်းသပ်ခဲ့တာ အောင် မြင်မှုရှိခဲ့တဲ့ သာဓကတွေရှိလို့နေပါတယ်။
Ref: Mirror

မှတ်ချက်များ