သက်ကြီးပိုင်းမှာ သွေးအားနည်းရောဂါဟာ ဆိုးဆိုးရွားရွား ဒုက္ခပေးတတ်တာ


သက်ကြီးပိုင်းတွေမှာ သွေးအားနည်းရောဂါ ဖြစ်ရင် စိတ်ဖောက်ပြန်လာနိုင်နှုန်း မြင့်တယ်လို့ လေ့လာသိရှိ ရပါတယ်။ သွေးအားနည်းရောဂါဟာ သွေးနီဥဆဲလ် ပမာဏ လျော့နည်းတာပါပဲ။

သွေးအားနည်းရောဂါဟာ အသက်၆၅နှစ်နဲ့ အထက် သက်ကြီးပိုင်းအရွယ်မှာ အဖြစ်များပြီး ဖြစ်ပွားနိုင်နှုန်း ၂၃ရာခိုင်နှုန်းအထိ ရှိပါတယ်။ အသက်၇၀မှ ၇၉နှစ်ကြားသက်ကြီးပိုင်း ၂၅၅၂ယောက်ကို ၁၁နှစ်ကြာ လေ့ လာမှု ပြုခဲ့ပါတယ်။ လေ့လာမှုအစပိုင်းမှာ သွေးအားနည်းရောဂါဖြစ်သူ ၃၉၃ ယောက်ရှိခဲ့ပါတယ်။ လေ့လာ မှုအဆုံးမှာတော့ စိတ်ဖောက်ပြန်တဲ့ရောဂါ ဖြစ်သူအရေအတွက် ၄၄၅ယောက်ရှိခဲ့ပြီး အဲ့ဒီ့ပမာဏဟာ လေ့ လာမှုမှာပါဝင်ခဲ့သူတွေရဲ့ ၁၈ရာခိုင်နှုန်းပါပဲ။

လေ့လာမှုအစမှာ သွေးအားနည်းရောဂါဖြစ်ခဲ့သူတွေဟာ သွေးအားမနည်းသူတွေထက် စိတ်ဖောက်ပြန်ရော ဂါ ဖြစ်လာနိုင်နှုန်း ၄၁ရာခိုင်နှုန်း ပိုမြင့်ခဲ့တာကို လေ့ လာတွေ့ရှိခဲ့ပါတယ်။ သွေးအားနည်းရောဂါနဲ့ စိတ်ဖောက်ပြန်ရောဂါ ဘာလို့ဆက်စပ်လဲဆိုတာကို ရှင်းပြဖို့ အချက်တွေအများကြီးရှိပါတယ်။ သွေးအား နည်းရောဂါက အထွေထွေကျန်းမာရေးကို ဆုတ်ယုတ်အောင်လုပ်တယ်လေ။ သွေးထဲမှာ အောက်ဆီဂျင် ပါဝင်နှုန်းကိုလည်း လျော့စေတယ်။ ဦးနှောက်ထဲမှာ အောက်ဆီဂျင်နည်းလာရင် မှတ်ဥာဏ်နဲ့ စဉ်းစားနိုင်စွမ်း ကိုလျှော့ချပြီး အာရုံကြောတွေကိုလည်း ထိခိုက်နိုင်ပါတယ်။ ဒါတွေဟာသွေးအားနည်းရောဂါနဲ့ စိတ်ဖောက်
ပြန်ရောဂါ ဆက်စပ်မှု အချို့ပါပဲ။

သီဟနိုင် - Trend Myanmar

မှတ်ချက်များ