တရားမ၀င် ဇာတ်လမ်းလား?


ပြင်သစ်နိုင်ငံမှာ အိမ်ထောင်သည် အမျိုးသမီးတွေ အတွက် ရည်ရွယ်တဲ့ ၀ဘ်ဆိုက်တခုကို အိမ်ထောင် ရေး ဖောက်ပြန်အောင် အားပေးမှုနဲ့ ခရစ်ယာန် အဖွဲ့အစည်း တွေက တရားစွဲ လိုက်ပါတယ်။

အသုံးပြုသူတွေရဲ့ ၈၀ ရာနှုန်းဟာ အိမ်ထောင်သည် တွေ ဖြစ်ကြပေမယ့် Gleeden ဆိုတဲ့ အဲဒီဝဘ်ဆိုက် ကတော့ လူတွေကို သစ္စာမဲ့အောင် သူတို့က ဖိအားပေးတာ မရှိဘူးလို့ ပြောပါတယ်။

အဲဒီဝဘ်ဆိုက်ရဲ့ ကြော်ညာ တခုမှာ သတို့သမီးဝတ်စုံ ၀တ်ထားတဲ့ မိန်းကလေး တဦးက လက်ကို ကျောဖက် နောက်ပစ်ပြီး ကြက်ခြေခတ်ပြ နေတဲ့ပုံကို ဖော်ပြထားပါတယ်။

ပြင်သစ် နိုင်ငံရဲ့ဥပဒေမှာ အိမ်ထောင်သည်ချင်း သစ္စာရှိရမယ် လို့ဆိုထား တဲ့အတွက် ၀ဘ်ဆိုက်ထောင်တဲ့ကုမ္ပဏီ အနေနဲ့ တရားရုံးမှာ ဒီမေးခွန်းကို ဖြေရ လိမ့်မယ်လို့ ရှေ့နေတွေက ပြောပါတယ်။

BBC Burmese




မှတ်ချက်များ