ထိုင်းဘုရင်ရာမ၏ လက်ဆောင် သရဖူ အခိုးခံရ


၁၉ ရာစု အလယ်ပိုင်းမှာ ပြင်သစ်အင်ပါယာကို လက်ဆောင်အဖြစ် ထိုင်းဘုရင် ရာမ (၄)က ပေးခဲ့တဲ့ တန်ဖိုးအနဂ္ဃထိုက် ပုံစံတူ သရဖူဟာ အခိုးခံခဲ့ရပါတယ်။

မတ် ၁ ရက်နေ့ အာရုဏ်မတက်မီ ပဲရစ်တရုတ်ပြတိုက်ကနေ ဖောက်ထွင်း ခိုးယူသွားတာလို့ ပြင်သစ် ယဉ်ကျေးမှုအရာရှိတွေကို ကိုးကားပြီး ထိုင်းအခြေစိုက် ဘန်ကောက်ပိုစ့်သတင်းမှာ ရေးပါ တယ်။

ပြင်သစ်ဧကရာဇ်နပိုလီယံ ၃ရဲ့မိဖုရား ယူဂျင်းနီက ဒီပစ္စည်းတွေကို ပြသထားတာ ဖြစ်တယ်လို့ ယဉ်ကျေး မှုဝန်ကြီးဌာနက ပြောပါတယ်။

၁၈၆၁ ခုနှစ်က တည်ဆောက်ခဲ့တဲ့ ဒီပြတိုက်မှာ ဘုရင် ရာမရဲ့ သရဖူနဲ့ ဘီဂျင်း နွေရာသီနန်းတော်က အနုပညာလက်ရာတွေကို ပြသထားတာ ဖြစ်ပါတယ်။

ဘုရင်ရာမက သရဖူနဲ့ အတူ ဝေါယာဉ် ၂ ခုကိုလည်း လက်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။
ဒီပစ္စည်းတွေရဲ့ တန်ဖိုးကို အဖိုးမဖြတ်နိုင်ဘူးလို့ ပြတိုက်ပြောခွင့်ရက ပြောပါတယ်။

DVB

မှတ်ချက်များ