နေမာကို မိမိနေရာတွင် အစားထိုးနိုင်မည်မဟုတ်ဟု ပီလီ ပြတ်ပြတ်သားသားငြင်းဆန်


ဘရာဇီးဂန္ထဝင် ဘောလုံး သမားကြီး ပီလီက ဘာစီလိုနာမှ အားထားရသည့် ဘရာဇီးလူငယ် တိုက်စစ်မှူး နေမာသည် မိမိနေ ရာကို အစားထိုးနိုင်မည် မဟုတ် ကြောင်း ယတိပြတ် ငြင်းဆန်မှတ် ချက်ပေးလိုက် သည်။

ပီလီသည် ဘရာဇီးအတွက် ၇၇ ဂိုးသွင်းပေးထားကာ ခေတ် အားလုံးတွင် ဂိုးအများဆုံး သွင်း ထားသည့် တိုက်စစ်မှူးဖြစ်နေပြီး ဒုတိယ ရိုမာရီယို ၆၆ ဂိုးနှင့် တတိ ယရော်နယ်ဒို ၆၂ ဂိုးတို့မှာလည်း ဘောလုံးလော ကမှ အနားယူခဲ့ပြီဖြစ်၍ ၎င်းကိုမီနိုင်ရန်မရှိတော့ ပေ။ သို့သော် နေမာ (၂၃) နှစ်သည် ၄၂ ဂိုးရထားသဖြင့် ပီလီ၏စံချိန်ကို ချိုးနိုင်ရန် အလားအလာ ရှိသူဟု သတ်မှတ်ထားကြသည်။

သို့သော် ပီလီက ထိုသို့ ဖြစ် မည်မဟုတ်ကြောင်း ပွင့်လင်းစွာ ပယ်ချလိုက်သည်။

‘‘ကျွန်တော်တော့ မထင်ပါ ဘူး။ နောက်ထပ်ဘောလုံး ဘုရင် အသစ်ဖြစ်ဖို့၊ ပီလီလက်သစ်ဖြစ် ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ ကျွန်တော့်အဖေနဲ့ အမေလည်း သူတို့ မျိုးဆက်ယန္တရားကို ပိတ် ထားခဲ့ပြီးပါပြီ။ လူတွေ က မေ့နေ ကြတာက ကျွန်တော့်မှာ ဘုရား ပေးတဲ့ ပါရမီထူးရှိပါတယ်။ ဒါကို ဘယ်သူမှ ဆုံးဖြတ်လို့ မရနိုင် ပါ ဘူး’’ ဟု ပီလီကဆိုသည်။

ပီလီသည် ဩစတြေးလျသို့ ဘရာဇီးဘောလုံးအဖွဲ့ချုပ် ကိုယ် စားလှယ်တစ်ဦးအဖြစ် ဆွေးနွေးပွဲများတက်ရန် ရောက်လာချိန်တွင် နေမာကို ထိုသို့မှတ်ချက်ပေးပြော ကြားခြင်းဖြစ်သည်။

7 Day

မှတ်ချက်များ