ငြမ်းပြိုကျသဖြင့် ဗီယက်နမ် အလုပ်သမားများ သေဆုံး




ဗီယက်နမ်နိုင်ငံ Ha Tinh ပြည်နယ်၊ Vung Ang စီးပွားရေးဇုံတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်း တခုမှ ငြမ်း ပြိုကျတဲ့အတွက် အနည်းဆုံး အလုပ်သမား ၁၄ ဦး သေဆုံးခဲ့ပါတယ်။

ဒဏ်ရာရရှိသူ ၃၀ ခန့်ကို ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့ဝင်များက အုတ်ကျိုးအုပ်ပုံများအကြား ပိတ်မိသေဆုံးသူများကို ရှာဖွေလျက်ရှိပါတယ်။

အလုပ်သမားအားလုံးဟာ ဗီယက်နမ်လူမျိုးများဖြစ်ကြပြီး စက်မှုလုပ်ငန်းနယ်မြေအတွင်း ဆိပ်ကမ်းရှိ ကမ်းခြေရေကာတာ စီမံကိန်းမှာ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

BBC Burmese

မှတ်ချက်များ