ရောဘတ်ဂရင်း၊ ဒန်နီရို့စ်နှင့် ဘတ်လန်းတို့အား အင်္ဂလန်အသင်းခေါ်ယူ
အင်္ဂလန်နည်းပြ ရွိုင်းဟော့ဒ်ဆန်သည် လစ်သူယေးနီးယား၊ အီတလီတို့နှင့် ယှဉ်ပြိုင်မည့် နိုင်ငံတကာ ပွဲစဉ်များအတွက် ကျူပီအာဂိုးသမား ရောဘတ်ဂရင်း၊ စပါးနောက်ခံလူ ဒန်နီရို့စ်နှင့် စတုခ်စီးတီးဂိုးသမား ဂျက်ဘတ်လန်းတို့ကို ခေါ်ယူလိုက်သည်။
မူလရွေးချယ်ထားသည့် အင်္ဂလန်အသင်းတွင် ဒဏ်ရာပြဿနာများ ဖြစ်ပေါ်လာသည့်အတွက် အဆိုပါ ကစားသ မားများကို အစားထိုးခေါ်ယူခဲ့ခြင်း ဖြစ်သည်။
ဆောက်သမ်တန်ဂိုးသမား ဖရေဇာဖော်စတာသည် ပြီးခဲ့သည့်စနေနေ့က ယှဉ်ပြိုင်ခဲ့သော ဘန်လေနှင့်ပွဲစဉ် တွင် ဒဏ်ရာရရှိသွားသည့်အတွက် ကျူပီအာဂိုးသမား ရောဘတ်ဂရင်းကို ခေါ်ယူခဲ့ခြင်းဖြစ်သည်။ ဂရင်း သည် ၂၀၀၅ ခုနှစ်က အင်္ဂလန်လက်ရွေးစင်စဖြစ်ခဲ့ပြီး ၁၂ ကြိမ် ပွဲထွက်ကစားခွင့်ရရှိခဲ့သည်။ သို့သော် ၂၀၁၀ တောင်အာဖရိက ကမ္ဘာ့ဖလားတွင် အမေရိကန်တိုက်စစ်မှူး ဒမ်ဆေး၏ဂိုးကို ခွင့်ပြုခဲ့ရပြီးနောက် အင်္ဂလန်အသင်းတွင် ပါဝင်ခွင့်မရရှိခဲ့ခြင်းဖြစ်သည်။ ဂရင်းသည် ကျူပီအာအသင်းအတွက် ၂၈ ပွဲပါဝင်ကစား ခဲ့ရာတွင် ၅ ပွဲ ဂိုးမပေးခဲ့ရပေ။
စပါးနောက်ခံလူ ဒန်နီရို့စ်မှာမူ မန်ယူနောက်ခံလူ လုခ်ရှောဒဏ်ရာကြောင့် အင်္ဂလန်အသင်းမှ နုတ်ထွက် သွားသည့်အတွက် အစားထိုးရွေးချယ်ခံရခြင်း ဖြစ်သည်။ စတုခ်စီးတီးဂိုးသမား ဂျက်ဘတ်လန်းမှာ အင်္ဂလန် ယူ-၂၁ အသင်းမှ အသင်းကြီးသို့ ခေါ်ယူခံရခြင်း ဖြစ်သည်။
အင်္ဂလန်အသင်းသည် လစ်သူယေးနီးယားနှင့် ယူရို ၂၀၁၆ ခြေစစ်ပွဲစဉ်ကို လာမည့် သောကြာနေ့တွင် ၀င် ဘလေကွင်း၌ ကစားမည် ဖြစ်ပြီး အီတလီအသင်းနှင့် ခြေမ်းပွဲစဉ်ကို နောက်လေးရက်အကြာတွင် တူရင်မြို့ ၌ ကစားမည် ဖြစ်သည်။
Mizzima

မှတ်ချက်များ