အင်းစိန်မြို့နယ်၌ အနုကြမ်းစီးသူတစ်ဦး ဖမ်းဆီးရမိ၊ နှစ်ဦးထွက်ပြေး


ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန် မြို့နယ် ရွာမအရှေ့ရပ်ကွက် မင်းကြီးလမ်း အမှတ်----- နေအိမ် တွင် မတ် ၁၁ ရက် ညနေ ၆ နာရီခွဲ ခန့်က အနုကြမ်းစီးမှုတစ်ခုဖြစ်ပွား ခဲ့သည်။

အင်းစိန်မြို့နယ် ရွာမအရှေ့ရပ် ကွက် မင်းကြီးလမ်း အမှတ်----နေအိမ်တစ်အိမ်တွင် အိမ်ရှင်နှစ်ဦး ရှိနေစဉ် မန္တလေးသို့ ခရီးသွားနေသည့် အိမ်ရှင်၏ညီမ ဒေါ်စိုးစိုးတင်က မီးစက်ပြင်ရန် လွှတ်လိုက်သည်ဟု ဆိုကာ အမျိုးသားသုံးဦး ရောက်ရှိလာသဖြင့် နေအိမ်အတွင်းသို့ ပေးဝင်ခဲ့ရာ အိမ်အတွင်းသို့အရောက် တွင် လုယက်မှုကျူးလွန်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါလုယက်သူများ နေအိမ် အနောက်ဘက်မှ ထွက်ပြေးမည်ပြုစဉ် ကိုအောင်ဆန်းမိုးက တွေ့ရှိပြီး အကူအညီတောင်း၍ ဝိုင်းဝန်း ဖမ်းဆီးရာ အိမ်ရှင်အား ကြိုးဖြင့် တုပ်ခဲ့သူ သက်ထွဋ်(ခ)ကိုသက် (၃၈)နှစ် မြောင်းတကာစံပြကျေးရွာ မှော်ဘီမြို့နယ်နေသူအား ဖမ်းဆီး ရမိပြီး ကျန်နှစ်ဦးမှာ ထွက်ပြေး လွတ်မြောက် သွားခဲ့သည့်အတွက် အင်းစိန်မြို့မရဲစခန်းက အမြန်ဆုံး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှိကြောင်း သိရ သည်။

မြင့်ဦး(အင်းစိန်) - The Mirror Daily

မှတ်ချက်များ