ကျွမ်းကျင်ရာလိမ္မာ
ပါတီပွဲသို့တက်ရန် အ၀တ်အစားဝတ်နေသောသူတစ်ဦးသည် သူ၏လည်စည်းကိုတပ်ဆင်ရာ
စိတ်တိုင်းမကျဖြစ်နေသည်။ ထိုစဉ် သူ့ အခန်းရှေ့မှဖြတ်လျှောက်သွားသောသူတစ်ဦးကို တွေ့သဖြင့်လှမ်းခေါ်ပြီး…
“ကျွန်တော့်ကို ကျေးဇူးပြုပြီး ဟောဒီလည်စည်းလေး စည်းပေးပါဗျာ။”
“ရပါတယ်ဗျာ၊ ကုတင်ပေါ်တက်ပြီး ပက်လက်အိပ်လိုက်ပါ။”
ထို့နောက် ထိုလူက ကျွမ်းကျင်စွာပင် လည်စည်းကို စည်းပေးလိုက်၏။
“ကျေးဇူးပဲဗျာ၊ ခင်ဗျား စည်းပေးလိုက်မှ စတိုင်လ်ကျသွားတော့တယ်။
ဒါနဲ့ ခင်ဗျားက ဘာလို့ မတ်တပ်စည်းမပေးဘဲ အိပ်ခိုင်းပြီး စည်းပေးတာလဲဗျ။”
“ကျွန်တော်က အအေးတိုက်မှာ အလောင်းတွေကို ပြင်ဆင်ပေးရတဲ့သူမို့ပါ”
Credit : nyachitthukalay

မှတ်ချက်များ