လက်ပံတန်းမှာ ဖမ်းဆီးခံရသူတွေကို အင်းစိန်ထောင်သို့ ပြောင်းရွှေ့မယ့်သတင်း မမှန်


လက်ပံတန်းမြို့မှာ ကျောင်းသားသပိတ်ကို ဖြိုခွဲတဲ့ အချိန်က ဖမ်းဆီးခံထားရတဲ့ ကျောင်းသားနဲ့ ပြည်သူတစ် ရာကျော်ကို သာယာဝတီကနေ အင်းစိန် (ဗဟို) အကျဉ်းထောင်သို့ ပြောင်းမယ်ဆိုတဲ့သတင်း မမှန်ဘူးလို့ ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက ရဲမှူးကြီးဝင်းစိန်က ပြောပါတယ်။

လက်ပံတန်းမှာ ဖမ်းဆီးခဲ့တာ ဖြစ်ပေမယ့် နေရာအခက်အခဲကြောင့် အဲဒီလူတွေကို သာယာဝတီ အကျဉ်းထောင်မှာ ထိန်းသိမ်းထားရတာလို့ သူက ဆိုပါတယ်။

“သာယာဝတီထောင်ကနေ လက်ပံတန်းကို ရုံးထုတ်ရတာတောင် လုံခြုံရေးအတွက် အခက်အခဲတွေ အရမ်းရှိတာ။ ရုံးထုတ်စစ်ဆေးဖို့ ဝေးလံလွန်းတဲ့ အင်းစိန်ထောင်ကို လွှဲပြောင်းမယ် ဆိုတာက လုံးဝမဖြစ်နိုင်ပါဘူး” လို့ ရဲမှူးကြီး ဝင်းစိန်က ရှင်းပြပါတယ်။

အင်းစိန် (ဗဟို) အကျဉ်းထောင်မှာ ပြီးခဲ့တဲ့ သုံးရက်ခန့်ကနေ စတင်ပြီး အကျဉ်းထောင် အဆောင်တွေကို ရှင်းလင်းရေး ဆောင်ရွက်နေပြီး ပြစ်ဒဏ်နှစ်ကြီးကျခံနေရသူတွေကိုသီးသန့်အဆောင်တွေသို့ပြောင်းရွှေ့နေ တယ်လို့ ပြစ်ဒဏ်ကျခံပြီး ဒီနေ့ မနက်က ပြန်လည်လွတ်မြောက်လာသူတွေက ပြောပါတယ်။
အဲဒီလို ထောင်ရှင်းလင်းရေး လုပ်တာဟာ လက်ပံတန်းမှာ ဖမ်းဆီးခံခဲ့ရသူတွေကို အင်းစိန်ထောင်သို့ လွှဲပြောင်းဖို့အတွက် ကြိုတင်ပြင်ဆင်တာ ဖြစ်နိုင်တယ်လို့ အကျဉ်းဦးစီး ဝန်ထမ်းတချို့ဆီကနေ သိရှိရတယ် လို့ သူတို့တွေက ပြောပါတယ်။

The Voice

မှတ်ချက်များ