သီလရှင်ကို အဖွဲ့လိုက် မုဒိမ်းကျင့်၊ လူ ၈ ဦး မေးမြန်းခံရ



သက်ကြီး မယ်သီလရှင်ကို မုဒိမ်းကျင့်ခဲ့တယ်လို့ ယူဆရသူကို CCTV ကင်မရာမှာ တွေ့ရ (Credit: AFP)
အိန္ဒိယနိုင်ငံ West Bengal ပြည်နယ်က သက်ကြီး မယ်သီလရှင် တစ်ပါးကို အဖွဲ့လိုက် မုဒိမ်းကျင့် ခဲ့သူတွေ လို့ ယူဆရသူတွေကို CCTV ကင်မရာ မှာ တွေ့ခဲ့ရပြီး အဲဒီအထဲက လေး ဦးဟာ ဘယ်သူ ဘယ်ဝါ ဖြစ်သ လဲ ဆိုတာကို သိရပြီလို့ ရဲတွေက ပြောပါတယ်။

မယ်သီလရှင်ကို မုဒိမ်းကျင့်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး လူ ၈ ဦးကို ရဲတွေက မေးမြန်းမှု လုပ်ထားပေမယ့် ဘယ် သူ့ကိုမှ တရားစွဲဆိုထားခြင်း မရှိသေးပါဘူး။

CCTV ကင်မရာမှာ သံသယ ဖြစ်ဖွယ်ရာ လူ ၆ ယောက်ကို ရဲတွေက တွေ့ရှိထားပြီး အဲဒီအထဲက လေး ဦးက ဘယ်သူ ဘယ်ဝါတွေ ဖြစ်ကြသလဲ ဆိုတာကို သိရပြီလို့ ဆိုပါတယ်။

ပြစ်မှု ကျူးလွန်သူတွေ ထွက်ပြေးနေတဲ့အတွက် ရာဇဝတ်သမားကို ဖော်ထုတ်ပေးမယ်ဆိုရင် ဒေါ်လာ နှစ်ထောင်ကျော် ဒါမှမဟုတ် အိန္ဒိယ ရူပီ ၁၀၀၀၀၀ (တစ်သိန်း) ဆုချမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အသက် ၂၀ ကနေ ၃၀ ကြားလောက်မှာ ရှိတဲ့ လူငယ်တွေဟာ ဒီပြစ်မှု မကျူးလွန်ခင် သေခြာ ပြင်ဆင်မှုတွေ လုပ်ခဲ့ဟန် ပေါက်တယ်လို့ ရဲအရာရှိ Arnab Ghosh က ပြောပါတယ်။

အဲဒီ မုဒိမ်းသမား ၆ ယောက်ဟာ သောကြာည ၁၁ နာရီ မိနစ် ၄၀ မှာ မယ်သီလရှင်ရှိဟာ ကျောင်းဝင်း ထဲဝင်ပြီး ဖုန်းကြိုးတွေကို ဖြတ်တောက်ခဲ့တာကို CCTV ကင်မရာမှာ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

အနည်းဆုံး နှစ်ယောက်ကတော့ လက်နက်တွေ ကိုင်ဆောင်ထားပြီး ကျန်တဲ့လူတွေကတော့ ခိုးဝှက်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေ ကိုင်ဆောင်ထားတယ်လို့ ဆိုပါတယ်။

ဘုရားကျောင်းငယ်လေးထဲ ဝင်ပြီး သခင်ယေဇူးရဲ့ ရုပ်ထုကို ဖျက်ဆီးမှု တချို့လုပ်ခဲ့သလို အသက် ၇၄ နှစ်အရွယ် မယ်သီလရှင်ကိုလည်း တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

မယ်သီလရှင်ကို အဓမ္မ မပြုကျင့်ခင် လုံခြုံရေးသမားကို အရင်ဆုံး ချုပ်နှောင်ခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

ပိုက်ဆံတွေ၊ လက်ပ်တော့ပ် ကွန်ပြူတာတစ်လုံးနဲ့ လက်ကိုင်ဖုန်း တစ်လုံးကိုလည်း ခိုးယူခဲ့ကြတယ်လို့ ဆိုပါ တယ်။

မုဒိမ်းကျင့်ခံရတဲ့ မယ်သီလရှင်ကတော့ ဆေးကုသမှု ခံယူနေဆဲဖြစ်ပြီး တနင်္ဂနွေနေ့တုန်းက ဆုတောင်းပေး မှုတွေ လုပ်ခဲ့ကြသလို ဒီကနေ့ တနင်္လာနေ့မှာလည်း မီးထွန်းဆုတောင်းပွဲတွေ ပြုလုပ်ပေးဖို့ ရှိပါတယ်။

မှတ်ချက်များ