အမေရိကန် အရီဇိုနား တောင်ပိုင်းမှ မက္ကဆီကိုသို့ ဆက်သွယ် ပေးထားသော အလွန်တရာမှ ရှုပ်ထွေး လှသည့် ဥမင်လှိုဏ်ခေါင်း တစ်ခုကို အမေရိကန် အာဏာပိုင်များမှ အင်္ဂါနေ့က ရှာတွေ့ခဲ့ပြီး၊ ဥမင်ထဲမှာ မီးများလည်း ထွန်းထားကာ လေဝင်လေထွက် ရအောင်လည်း လုပ်ထားတာတွေ့ ရပါသည်။
တန်ဖိုးအားဖြင့် ဒေါ်လာ(၃)သန်း ထိရှိသော ဆေးခြောက် (၂)တန်ခန့်ကို ထရပ်ကားတစ်စီးနှင့် သယ်ဆောင်လာသူ (၂)ဦးကို (ဘစ်ဘီး)ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးခဲ့ရမှာတော့ အထင်မှတ်ပဲ အဆိုပါဥမင်ကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါသည်။ အဆိုပါ ဥမင်လှိုဏ်မှာ ဓါတ်လှေကား တစ်စင်းလည်း ပါဝင်ပြီး အရီဇိုးနား (နာကို)မှ မက္ကဆီကို (ဆိုနိုရာ)အထိ ခရီးပေါက်ကြောင်း သိရှိရပါသည်။
MRTV

မှတ်ချက်များ