စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း အရေးကြီးကာလ ကြေညာ


စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းမှာ အခုလ ၁၁ ရက်နေ့ ကနေ ဧပြီလ ၇ ရက်နေ့အထိ ရက်ပေါင်း ၂၈ ရက်ကို အရေးကြီး ကာလအဖြစ် ကြေညာထားပြီး လုံခြုံရေး တိုးမြှင့်ထားတယ်လို့ တိုင်းဒေသကြီး ရဲတပ် ဖွဲ့က ကြေညာ လိုက်ပါတယ်။

နယ်စပ်လမ်းကြောင်းတွေကနေ အကြမ်းဖက်သမားတွေ ၀င်ရောက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေကြောင့် အရေး ကြီးကာလအဖြစ် သတ်မှတ်ပြီး လုံခြုံရေးအင်အားတိုးမြှင့် ထားတာဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့ ဒုတိယ-ရဲမှုးကြီး တင့်လွင်က ပြောပါတယ်။

"သတ်မှတ်ထားတဲ့ အကြောင်းအရာကတော့ လတ်တလောဖြစ်ပေါ်နေတဲ့ အခြအနေတွေရယ် နောက်ပြီး
တော့အကြမ်းဖက်သမားတွေ ကျနော်တို့ နယ်စပ်လမ်းကြောင်းတွေက ဝင်ရောက်လာနိုင်တယ်၊ အဓိက ကတော့ အဲ့ဒါပါဘဲ၊ ခရိုင်မြို့နယ်တွေမှာတော့ ကျနော်တို့ရဲအင်အားတွေအသင့်ပေါ့၊ စုဖွဲ့ထားဖို့လုပ်ထားပြီးပြီ၊ ကျန်တာကတော့ အင်အားကတော့ဒီတိုင်းပါပဲ၊ ပိုမိုပြီးတော့လှည့် ကင်းတွေဆောင်ရွက်တယ်၊ နောက်တစ်ခါ ရှောင်တခင် ပိတ်ဆို့ရှာဖွေတာတွေလုပ်တယ်၊ ကျန်တဲ့ ဝင်ပေါက်တွေမှာတော့ နဂိုကထက် ရှာဖွေမှု၊ စစ်
ဆေးမှုတွေ ဆောင်ရွက်ပါတယ်"

အဲဒီကြေညာချက်ဟာ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေ၊ တက္ကသိုလ်စာမေးပွဲတွေ အေးချမ်းစွာ ဖြေဆိုနိုင်ဖို့နဲ့ ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ထုတ်ပြန်တာဖြစ်တယ်လို့လည်း သိရပါတယ်။

အဲဒီကာလအတွင်း ခရိုင်၊ မြို့နယ်၊ ရပ်ကျေးအဆင့်ဆင့်မှာ ကွပ်ကဲရေးရုံးတွေ ဖွင့်လှစ်ပြီး အုပ်ချုပ်ရေးမှူးတွေ နဲ့ ထွေ-အုပ်ဝန်ထမ်းတွေအားလုံး လုံခြုံရေးတာဝန်ယူ ရမှာဖြစ်ပါတယ်။

RFA Burmese

မှတ်ချက်များ