အနုပညာသက်တမ်း (၂၀)အတွင်း ကြုံခဲ့ရတဲ့ အတွေ့အကြုံ၊ အခက်အခဲတွေနဲ့အတူ အရင်နဲ့အခု ဘာတွေ ကွာခြားသွားသလဲဆိုတာကိုလည်း သူက “အရင်တုန်းကကားတွေနဲ့ ခုကျွန်တော်တို့ ရိုက်တဲ့ကားတွေ မင်းသားမင်းသမီး အရေအတွက်အရ ကွာခြားတယ်။ ဒါဟာ ဈေးကွက်နဲ့သွားဆိုင်နေတယ်။ နာမည်ကြီး မင်းသား နှစ်လက်ဆိုရင်လဲ ဖြန့်တဲ့အခါကျ ဘယ်သူနာမည်နဲ့ ဖြန့်မှာလဲပေါ့။
မင်းသားမင်းသမီးကြေးတွေအရမ်းသုံးပြီး ပြန်မရမှာလဲ စိုးရိမ်ကြတယ်။ အဲ့ဒီအတွက် မင်းသားမင်းသမီး တစ်ယောက်စီနဲ့ ဇာတ်ကောင်းတာ လေးတွေကို ရွေးပြီး ဒီဖက်ခေတ်မှာပြန်ရိုက်လာကြတယ်။ အရင်တုန်း ကရိုက်ခဲ့တဲ့ ကင်မရာတွေဆို ဒိတ်အောက်တယ်။ အခုဆို မီးထိုးမှန်ထိုးအပြင် black magic နဲ့ရိုက်တယ်။ အဲ့ဒါလေးတွေတော့ ကွာတယ်။ ဒါကျွန်တော်ဖြတ်သန်းခဲ့တဲ့ အနုပညာလုပ်သက် နှစ် ၂၀ ကျော် အတွင်း မှာပေါ့။ ကျွန်တော် အခက်အခဲတွေလဲ အများကြီးတွေ့ခဲ့ရတယ်။ ဒါပေမဲ့ ကျွန်တော့်ကို ပရိသတ်က ရဲတိုက် နဲ့ရိုက်တဲ့ ရွာဆိုတဲ့ ကားလေးမှာ ပရိသတ်က suspend ကို လက်ခံသွားတယ်။ ပရိသတ်အတွက် တစ်ခုခု ကျန်ပြီး ဖန်တီးမှုများများ လုပ်လို့ရတဲ့ ကားတွေဆို ကျွန်တော်ရိုက်ဖြစ်ပါတယ်”တဲ့။
ဒါရိုက်တာနေပိုင်ဟာ ခုလတ်တလောမှာ တိုရှည် ဆိုတဲ့ဇာတ်ကားလေးကို ရိုက်ကူးနေတယ်လို့ သိရပြီး ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားသူတွေကတော့ မြင့်မြတ်နဲ့ ၀တ်မှုန်ရွှေရည်တို့ပဲ ဖြစ်ပါတယ်။
ခင်ဆွေသက် - Trend Myanmar
ဒါရိုက်တာနေပိုင်ဟာ ခုလတ်တလောမှာ တိုရှည် ဆိုတဲ့ဇာတ်ကားလေးကို ရိုက်ကူးနေတယ်လို့ သိရပြီး ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားသူတွေကတော့ မြင့်မြတ်နဲ့ ၀တ်မှုန်ရွှေရည်တို့ပဲ ဖြစ်ပါတယ်။
ခင်ဆွေသက် - Trend Myanmar

မှတ်ချက်များ