အီဗန်ကို တံထွေးဖြင့် ထွေးခဲ့သော နယူးကာဆယ် တိုက်စစ်မှူး ဆစ်စီ ၇ပွဲပယ် ပြစ်ဒဏ်ချမှတ်ခံရ


ပြီးခဲ့သည့် ဗုဒ္ဓဟူးညက ကစားခဲ့သော နယူးကာဆယ်နှင့် မန်ယူတို့၏ ပွဲစဉ်တွင် မန်ယူ ခံစစ်ကစားသမား ဂျွန်နီအီဗန်အား တံထွေးဖြင့်ထွေးခဲ့သော နယူးကာဆယ် တိုက်စစ်မှူး ဆစ်စီအား အက်ဖ်အေက ၇ပွဲပယ်ပြစ် ဒဏ် ချမှတ်လိုက်ကြောင်း သိရသည်။

အက်ဖ်အေက အီဗန်ကိုလည်း ပွဲပယ်ပြစ်ဒဏ် ချမှတ်ထားပြီး အပြစ်ရှိကြောင်း တွေ့ရှိရပါက ၆ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရမည် ဖြစ်သည်။

ယင်းဖြစ်ရပ်မှာ ဗုဒ္ဓဟူးညက ကစားခဲ့သော နယူးကာဆယ်နှင့် မန်ယူတို့၏ ပွဲစဉ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ ကစားသမား ၂ဦးမှာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် တံထွေးဖြင့် ထွေးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ဆစ်စီက အပြစ်ရှိကြောင်း ဝန်ခံထားပြီး အီဗန်က အပြန်အလှန် အချင်းများခဲ့ခြင်းဖြစ်ကြောင်း ကြာသ ပတေးနေ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အီဗန်၏ ကြေညာချက်တွင် သူ့အား စွပ်စွဲပြောဆိုချက်နှင့် ပတ်သက်၍ အံ့သြတုန်လှုပ်မိကြောင်းနှင့် သူက အပြစ်မရှိကြောင်း ကာကွယ်ပြောဆိုသွားခဲ့သည်။

ဆစ်စီက တံထွေးဖြင့် ထွေးခဲ့ခြင်းအတွက် ပြန်လည်တောင်းပန်ခဲ့သော်လည်း အီဗန်က တံထွေးဖြင့် စတင်ထွေးခဲ့သဖြင့် တုံ့ပြန်ထွေးခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။

ဆစ်စီအား ယင်းအပြုအမူအတွက် နယူးကာဆယ်က သူ၏ တစ်ပတ်လုပ်ခ ပေါင် ၄၀,၀၀၀ ခန့်ကို ဒဏ်ငွေချမှတ်ခဲ့ပြီး ယင်းကစားသမား အနေဖြင့် အသင်းအတွက် ၁၁ဂိုး သွင်းယူထားသူဖြစ်ကာ လာမည့်မေလမှ ပြန်လည်ကစားခွင့် ရရှိမည်ဖြစ်သည်။

ဖီဖာ၏ ညွှန်ကြားချက်အရ အက်ဖ်အေက ပြီးခဲ့သည့် နွေရာသီတွင် စည်းမျဉ်းများ ပြောင်းလဲခဲ့ပြီး ကစားသ မားတစ်ဦးက အခြားကစားသမားတစ်ဦးကို တံထွေးဖြင့် ထွေးပါက ၆ပွဲပယ် ပြစ်ဒဏ်ချမှတ် ခံရမည်ဖြစ် သည်။

သို့သော် ဆစ်စီက အဲဗာတန်နှင့် ကစားခဲ့သည့် ပွဲစဉ်တွင် ကိုးလ်မန်းအား တံတောင်ဖြင့် တွတ်ခဲ့သဖြင့် ၃ပွဲ ပယ်ပြစ်ဒဏ် ချမှတ်ခံထားရသူ ဖြစ်သည်။ ထို့ကြောင့် တစ်ပွဲပယ်ပြစ်ဒဏ် ထပ်မံချမှတ် ခံခဲ့ရခြင်းကြောင့် ၇ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။

ထို့ကြောင့် ဆစ်စီအနေဖြင့် ယခုရာသီ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ် ၃ပွဲကိုသာ ပါဝင်ကစားခွင့် ရရှိတော့ မည် ဖြစ်သည်။

အီဗန်မှာမူ ဗြီတိန်စံတော်ချိန် ည ၆း၀၀နာရီအထိ အယူခံ ဝင်ခွင့်ရှိမည်ဖြစ်ပြီး အပြစ်ရှိကြောင်း တွေ့ရှိရပါက မန်ယူ၏ အဓိက ပွဲစဉ်များဖြစ်သည့် စပါး၊ လီဗာပူး၊ မန်စီးတီး၊ ချဲလ်ဆီးတို့နှင့် ကစားရမည့် ပွဲစဉ်များကို လွဲချော်မည် ဖြစ်သည်။

ဆစ်စီ လွဲချော်မည့် နယူးကာဆယ်အသင်း ပွဲစဉ်များ

အဲဗာတန် - နယူးကာဆယ် မတ် ၁၅
နယူးကာဆယ် - အာဆင်နယ် မတ် ၂၁
ဆန်းဒါးလန်း - နယူးကာဆယ် ဧပြီ ၅
လီဗာပူး - နယူးကာဆယ် ဧပြီ ၁၃
နယူးကာဆယ် - စပါး ဧပြီ ၁၉
နယူးကာဆယ် - ဆွမ်စီး ဧပြီ ၂၅
လက်စတာ - နယူးကာဆယ် မေ၂

အောင်ဆန်းမိုး | Planet Myanmar

မှတ်ချက်များ