ကမ္ဘာ့လူငယ်များ ဆန်းသစ်တီထွင်မှုပြိုင်ပွဲသို့ မြန်မာဝင်ရောက်ယှဉ်ပြိုင်နိုင်
အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးသမဂ္ဂအဖွဲ့(ITU)က ပြုလုပ်သောကမ္ဘာ့လူငယ်များ ဆန်းသစ်တီထွင် မှုပြိုင်ပွဲ ၂၀၁၅ သို့ မြန်မာနိုင်ငံမှ လုပ်ငန်းစတင် လုပ်ကိုင်လိုသည့် လူငယ်များ၊ ဆန်းသစ်တီထွင်မှုရှိသောလူ ငယ် များ ၀င်ရောက်ယှဉ်ပြိုင်နိုင် ကြောင်း မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်မှ သတင်းရရှိသည်။
‘‘၂၀၁၂ခုနှစ်လောက်က တည်းက မြန်မာနိုင်ငံက ၀င်ပြီး ပြိုင်ခွင့်ရပေမယ့် ပွဲလုပ်မယ့်အချိန်ကို ကပ်ပြီးမှ သိရတာကြောင့် ဘာမှပြင်ဆင်ခွင့်မရတဲ့အတွက် ယှဉ်ပြိုင်ခွင့်မရခဲ့ဘူး။ ဒီနှစ်မှာ တော့ လိုအပ်တဲ့ပြင်ဆင် မှုတွေကို ကြိုတင်ပြုလုပ်ပြီး ပြိုင်သွားဖို့ရှိပါ တယ်’’ဟု မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်ဒုဥက္ကဋ္ဌဒေါ်သန်းသန်း တင့်က ပြောသည်။
ကောင်းမွန်သော လူမှုပတ်ဝန်းကျင်ကို နည်းပညာ တီထွင်စမ်းသပ်မှုများဖြင့် အထောက်အကူပြုစေရန်နှင့် လူငယ်စွန့်ဦးတီထွင်သူများအား မြေတောင်မြှောက်ပေးရန် ရည်ရွယ်၍ ကျင်းပသည့်ပြိုင်ပွဲတစ်ခုဖြစ်ပြီး အသက်(၁၈)နှစ်မှ (၃၀)နှစ်အတွင်းရှိလူငယ်များဝင်ရောက်ယှဉ်ပြိုင်နိုင်သည်။
‘‘ပြိုင်ပွဲအတွက်ဘယ်လိုအ ကြောင်းအရာမျိုးပဲဝင်ပြီးပြိုင်ရ မယ်ဆိုပြီးတော့ ကန့်သတ်ထား တာမရှိပါဘူး။ ကိုယ့်မှာလုပ်ငန်း တစ်ခုလုပ်ဖို့ ideaကောင်းကောင်း ရှိတယ်။ ၀င်ပြိုင်ချင်တယ်ဆိုရင် ရပါတယ်။ ကျွန်တော်တို့ဘက်က လိုအပ်တာတွေ ကူညီပြီးတော့ ပြိုင်ခွင့်ရအောင်လုပ်ပေးသွားဖို့ရှိပါတယ်’’ဟု ပြိုင်ပွဲဝင်မည့်သူများ အား အကူအညီပေးမည့်အကြီးတန်း Developer ကိုသာထက်ကပြောသည်။
အပြည်ပြည်ဆိုင်ရာဆက် သွယ်ရေးသမဂ္ဂအဖွဲ့(ITU)အနေဖြင့် ကမ္ဘာတစ်ဝန်းရှိ ပြိုင်ပွဲဝင်များအနက် နှစ်ဦးကိုရွေးချယ်၍ ဆုချီးမြှင့်ပေးမည်ဖြစ်ပြီး ဆုရသည့် ပြိုင်ပွဲဝင်အား လုပ်ငန်းဆက်လက်အကောင်အထည် ဖော်နိုင်ရေး ဆုကြေးငွေများ ချီးမြှင့်ပေးမည်ဖြစ်သည်။
ဟန်ဂေရီနိုင်ငံ ကူဒါပက် မြို့တွင် ကျင်းပမည့် ကမ္ဘာတစ် ၀န်းလုံးရှိ ICT Communityနှင့် ပတ်သက်သည့် အသိပညာဖလှယ်ရာပွဲတစ်ခုဖြစ်သောITU Telecom World 2015ပြပွဲသို့ အ ခမဲ့တက်ရောက်ခွင့်လည်း ရရှိမည် ဖြစ်သည်။
ဝင်ရောက်ယှဉ်ပြိုင်လိုသူ များသည် မေလ ၇ရက်မတိုင်မီ https://ideas.itu.intသို့ လျှောက်ထားရ မည်ဖြစ်ပြီး ၀င်ရောက်ယှဉ်ပြိုင်မည့်ပရောဂျက်များကို ဧပြီ ၃၀ရက်နောက်ဆုံးထား၍ မြန်မာနိုင်ငံကွန်ပျူ တာအသင်းချုပ်သို့ Executive Summa-ry, Business Planတို့နှင့်အတူ လျှောက်ထားရမည်ဖြစ်သည်။
7Day

မှတ်ချက်များ