မိတ်ကျွန်းစုထဲမှာ တဂျိမ်းဂျိမ်းနဲ့ ဗုံးခွဲငါးဖမ်းနေတာကို ဘယ်ဝန်ကြီးဌာနက တာဝန်ယူ တာဝန်ခံမှာလည်း။




မြိတ်ကျွန်းစုထဲမှာ တဂျိမ်းဂျိမ်းနဲ့ ဗုံးခွဲငါးဖမ်းနေတာကို ဘယ်ဝန်ကြီးဌာနက တာဝန်ယူ တာဝန်ခံမှာလည်း။
ဒါနဲ့ပတ်သက်ပြီး ထင်ထင်ရှားရှား အကျိုးသက်ရောက်မှုရှိတဲ့ ၀န်ကြီးဌာန ၃ခုရှိတယ်၊ မွေးမြူရေးနဲ့ ရေလုပ် ငန်းဝန်ကြီးဌာန၊ သစ်တောနဲ့သဘာဝပတ်ဝန်းကျင်ရေးရာဝန်ကြီးဌာန နဲ့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း ၀န်ကြီးဌာန။ 

လက်တွေ့ဖြေရှင်းရမဲ့ ၀န်ကြီးဌာနက ၂ ခုရှိတယ်၊ ကာကွယ်ရေးဝန်ကြီးဌာန (တပ်မတော်ရေ၊ တပ်မတော် ကြည်း -အမြောက်တပ်-) နဲ့ ပြည်ထဲရေးဝန်ကြီးဌာန။ 

တိုက်ရိုက်ထိတွေ့နေရတဲ့ အစိုးရက တနင်္သာရီတိုင်းအစိုးရ။ ဗုံးမှာအသုံးပြုတဲ့ စနက်တံရယ် ယမ်းပျော့ရယ် ဓါတ်မြေသြဇာရယ်က ထိုင်းဘက်က၀င်တာမို့ နယ်လုံဝန်ကြီးမှာလည်း တာဝန်ရှိတယ်ထင်တယ်။
ပုံတွေက Shark Cave လို့ နာမည်ကြီးတဲ့ ကျွန်းဖီလာအနီးက ကျောက်ဆောင်မှာ မတ်လ ၂ ရက်နေ့က ရိုက်ထားတဲ့ပုံတွေပါ။ (နာမည်သာ ငါးမန်းဂူ၊ ငါးမန်းမတွေ့တော့တာကြာပြီ၊ အဲဒီမှာရှိသမျှငါးမန်းတွေလဲ အဖမ်းခံရလို့ မျိုးတုံးသွားပြီ) 

ဗုံးခွဲသမားတွေက ပုံထဲက ငါးငယ်တွေကို မယူပါဘူး ဈေးကွက်ဝင်တဲ့ ငါးတွေကိုပဲ ယူတယ် ဗုံးခွဲလို့ ငါးအကောင်ရေ တစ်သန်းလောက်သေရင် ဈေးကွက်ဝင်တဲ့ငါးက အကောင်၁၀၀ မရပါဘူး။ဒီအနီးနားမှာ ဂျာလန်းကျွန်းမှာတပ်စွဲထားတဲ့ အမြောက်တပ်နဲ့ ကျွန်းမဲကြီးမှာ တပ်စွဲထားတဲ့ အမြောက်တပ်ရှိတယ်။ ဒီနားပတ်ပတ်လည် ရွာတွေကတော့ ဂျားလန်းရွာ၊ ညောင်ဝိရွာ၊ ကျွန်းဖီလာရွာ၊ မကျုံးဂလက်ရွာတို့ရှိတယ်။ ဗုံးခွဲငါးဖမ်းသမားတွေဟာ သေချာပေါက် ဒီရွာတွေမှာ မှီခိုနေထိုင်ရမှာ။ မကျုံဂလက်ရွာကလွဲရင် ကျန်တဲ့ ရွာလေးတွေက ဆယ်နှစ်အတွင်း ဘယ်သူမှမနေတဲ့ ကျွန်းတွေမှာ ရွာတွေတည်ပြီး ပေါ်လာကြတဲ့ရွာတွေပါ။

Aung Zin Latt facebook page

မှတ်ချက်များ