တမာပင်မှ ထန်းရည်ချိုကဲ့သို့ အရည်များထွက်ရှိနေ၍ ဆေးဝါးအဖြစ်သုံးစွဲနေ


မန္တလေး တိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် အောက်ညဉ့်ဘုန်း တော်ကြီးကျောင်းရှေ့ရှိ တမာပင်မှ ထန်းရည်ချိုများကဲ့သို့ အရည်ထွက် ရှိနေ၍ အဆိုပါအရည်များကိုဒေသ ခံများက ဆေးအဖြစ် သုံးစွဲနေကြ ကြောင်း သိရသည်။

ထန်းရည်များ ထွက်ရှိသည့် တမာပင်မှာ အခေါင်းမရှိဘဲ လုံးချော ပင်စည်မှ ကွဲအက်၍ အမြှုပ်ထကာ အ ရည်များတစ်ပေါက်ပေါက်နှင့် အ ဆက်မပြတ် စီးကျနေခြင်းဖြစ်သည်။ တစ်နေ့လျှင် ထန်းရည်ချိုရေပုံးနှင့် နှစ်ပုံးခန့်ရရှိပြီး ထန်းရည်ချိုမှာ အ နံ့သင်းသည့်အတွက် ရပ်ဝေးရပ်နီး မှလည်း လာရောက် ကြည့်ရှုသူများ ဖြင့် စည်ကားလျက်ရှိသည်။

''ကျွန်တော်တို့ကတော့ ဒူးနာ လို့ တမာပင်က ထွက်တဲ့အရည်ကို ညမှာ လိမ်းအိပ်တယ်။မနက်ကျတော့ တော်တော်သက်သာသွားတယ်။ ဒီ တမာပင်မှအရည်ကို ယားနာသမား တွေလဲ လိမ်းကြတယ်''ဟု ဒေသခံ တစ်ဦးထံမှ သိရှိရသည်။

အဆိုပါတမာပင်မှ ယခုကဲ့သို့ ထန်းရည်ချိုကဲ့သို့ အရည်များထွက် ကျနေမှုသည် ယခင်နှစ်ကတည်း က ထွက်ရှိနေခြင်းဖြစ်သည်ဟု သိ ရသည်။

''တမာပင်ရဲ့ ပင်ကိုယ်သဘာဝ သတ္တိက ဆေးဖက်အသုံးဝင်တယ် လို့ ဥတုဘောဇနကျမ်းမှာလဲ တွေ့ရှိ ရတယ်။ တမာပင်တွေ အများကြီးရှိ ပေမယ့် ဒီလိုတမာပင်မျိုးက တစ် ထောင်မှာ တစ်ပင်လောက်ပဲရှိတယ်၊ အရည်ထွက်လာပြီ ဆိုမှတော့ တမာ ပင်ရဲ့ထူးခြားချက်က သဘာဝအစွမ်း သတ္တိထက်မြက်ခြင်း အဓိပ္ပာယ်ပြ ပါတယ်။ တမာအရည်ကို ဥာဏ်ရှိ သလို ချဲ့ထွင် အသုံးချမယ်ဆိုရင် ဆေးဘက်မှာ အများကြီးအသုံးဝင် ပါတယ်။ တမာပင်ရဲ့ ဆေးစွမ်းထက် ပုံများကိုလဲ ရှုတော်မူဆေးကျမ်းမှာ အများကြီး ဖတ်ရှုရဖူးတယ်''ဟု သက် တော်၇၄နှစ် ဝါတော်၅၄ရှိ ကျောင်း ထိုင်ဆရာတော် ဦးပညာဇောတက မိန့်ကြားသည်။

ဒေသခံပြည်သူများက ဆရာ တော်ကြီး၏ မေတ္တာတန်ခိုး အာနု ဘော်အစွမ်းတို့ကြောင့် တမာပင်မှ ထွက်ရှိသော အရည်များကို ဆေး အဖြစ်သုံးစွဲရာ ဆေးစွမ်းထက်သည် ဟု ယူဆလျက် ဆေးဝါးအဖြစ် သုံး စွဲနေကြကြောင်း သိရသည်။

''ကျွန်မတော့ လေးဖက်နာ ဖြစ်နေတာကြာပြီ။ ဒီတမာပင်က အရည်ကို လိမ်းလိုက်တာ အခုလော လောဆယ်မှာတော့ ပေါ့နေတာပဲ''ဟု ဒေသခံအမျိုးသမီးတစ်ဦးထံမှ သိရသည်။

OKH - ဒီမိုကရေစီတူဒေး

မှတ်ချက်များ