လက်ပံတန်းသပိတ်တွင် ဝန်းရံခဲ့သည့် မြို့ခံ အယောက် ၂၀ ပြန်လွတ်


လက်ပံတန်း ပင်မ သပိတ်ကြောင်းအား မတ်လ ၁၀ရက်က အကြမ်းဖက်ဖြိုခွင်းပြီး ဖမ်းဆီးခဲ့ရာတွင် ကျောင်း သားများကို ဝန်းရံပေးသည့် ဒေသခံများလည်း ပါဝင်ခဲ့ရာ ဒေသခံ အယောက် ၂၀ကို မတ်လ ၂၄ရက်တွင် သာယာဝတီထောင်မှ ပြန်လည် လွှတ်ပေးလိုက်သည်။

လွှတ်ပေးသည့် အထဲတွင် လက်ပံတန်းမြို့မှ ဦးတိုးအောင်၊ ကိုစိုးဝင်းအောင်၊ ကိုမျိုးသိန်း (ခေါ်)ကံကောင်း၊ ကိုချစ်လင်းစိုး၊ ကိုအောင်သူ၊ ကိုအောင်ဇော်မင်း၊ ကိုသူရဇော်၊ ကိုအောင်ဆန်း၊ ကိုအေးလွင်၊ ကိုသူရ (ခေါ်) ချွန်ကြီး၊ ကိုကျော်သူဝင်း(ခေါ်)ကျော်သူ၊ ကိုမျိုးကျော်သူ (ခေါ်) ဖိုးဖြူ၊ ကိုထက်ဦးအောင် (ခေါ်) ချစ်ရင်ထူး၊ ဦးညွှန့်ဝင်း၊ ကိုရဲမင်းအောင်၊ ကိုလှမျိုးဦး (ခေါ်) ဂျာလီ၊ ကိုချစ် (ခေါ်) ထွန်းထွန်းနိုင် နှင့် မတင်တင်ညို (ခေါ်) ညိုကြီးတို့အပြင် ညောင်လေးပင်မြို့မှ ကိုထွန်းထွန်းလင်း (ခေါ်) စနေ နှင့် မင်းလှမြို့မှ ကိုအောင်မျိုးမင်း (ခေါ်) အောင်အောင်တို့ကို ပြန်လွှတ်ပေးခဲ့သည်။

အကျဉ်းထောင်အတွင်း ကျန်ရှိနေသည့် မဖြိုးဖြိုးအောင်၊ ကိုမင်းသွေးသစ် စသည့် ကျောင်းသားခေါင်းဆောင် များ အပါအဝင် ၈၀ ဦးတို့ကို မတ်လ ၂၅ရက်တွင် ဒုတိယအကြိမ် ရုံးထုတ်မည်ဟု သိရသည်။

လက်ပံတန်း ကျောင်းသားသပိတ်ကို မတ်လ ၁၀ရက်က အကြမ်းဖက် ဖမ်းဆီးခဲ့ပြီး ကျောင်းသားများ၊ ဒေသ ခံများ နှင့် သတင်းထောက် နှစ်ဦးကို ပါဝင်ခဲ့သည်။ ၎င်းတို့ကို မတ်လ ၁၁ရက်တွင် ပထမအကြိမ် ရုံးထုတ် ကာ ၁၂ရက်နေ့ နှင့် ၁၃ရက်နေ့တို့တွင် သတင်းထောက် နှစ်ဦး အပါအဝင် အယောက် ၃၀ကို ပြန်လွှတ်ပေး ခဲ့သည်။ သို့သော် မတ်လ ၁၄ရက်တွင် ရန်ကုန်မှ သတင်းထောက် တစ်ဦး နှင့် ကျောင်းသား နှစ်ဦးကို ဖမ်း ဆီးကာ သာယာဝတီအကျဉ်းထောင်တွင် ဖမ်းဆီးထားသည်။

mizzima

မှတ်ချက်များ