ကလေးဥာဏ်ရည်ကောင်းဖို့ မိခင်နို့မဖြစ်မနေတိုက်ကျွေးသင့်


မိခင်နို့တိုက်ကျွေးတာဟာ ကလေးငယ်ရဲ့ ကျန်းမာရေးအတွက် ကောင်းရုံသာမက အရွယ်ရောက်လာတဲ့ခါ အခြားသူတွေထက် ဥာဏ်ရည်ပိုပြီးဖွံ့ဖြိုးမှုရှိတယ်လို့ ဘရာဇီးမှာလုပ်တဲ့ သုတေသနစစ်တမ်းတစ်ခုက ဖော် ထုတ်လိုက်ပါတယ်။ ဒီစစ်တမ်းကိုလုပ်ဖို့ သုတေသနပညာရှင်တွေဟာ အချိန်အတော်ကြာ စောင့်ကြည့်ခဲ့ ရတာဖြစ်ပါတယ်။

စစ်တမ်းသုတေသနပြုတာကို အပြီးမသတ်ရသေးပေမယ့် မိခင်နို့တိုက်ကျွေးတာနဲ့ ကလေးငယ်ရဲ့ ဥာဏ် ရည်ဖွံ့ဖြိုးမှုဟာ တိုက်ရိုက်စစ်ဆက်လျှက်ရှိပါတယ်။ ဘရာဇီးမှာ ရှိတဲ့ ကလေးငယ်ပေါင်း ၃၅၀၀ နီးပါးကို မွေးကင်းစကတည်းက အချိန်ယူပြီးလေ့လာခဲ့တာဖြစ်ပါတယ်။ မိခင်နို့တိုက်ကျွေးတာဟာ ကလေးငယ်ကို သက်ရောက်စေတဲ့အချက်များစွာရှိတဲ့အထဲကမှ ဥာဏ်ရည်ဖွံ့ဖြိုးတယ်ဆိုတဲ့အချက်ကို သုတေသန ပညာ ရှင်တွေက အရင်ဆုံး ပြောလိုက်တာဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိမှာ အများစုယုံကြည်ထားသလို ခြောက်လအထိပဲ မိခင်နို့ရည်တိုက်ကျွေးသင့်လား ဆိုတာ ကိုတော့ မှတ်ချက်မပေးထားသေးပါဘူး။ မိခင်နို့တိုက်ကျွေးရင် ကလေးငယ်ရဲ့ ဥာဏ်ရည်ဟာ ပုံမှန်ထက် ပိုကောင်းမှာဖြစ်ပြီး မိခင်ရဲ့ပညာတက်သလားဆိုတာနဲ့ မဆိုင်သလို ဆင်းရဲခြင်း၊ ချမ်းသာခြင်းနဲ့လည်း မဆိုင်ဘူးလို့ ဆိုပါတယ်။

Planet Myanmar

မှတ်ချက်များ