ကေအိုင်အိုကိုယ်စား လှယ်အဖွဲ့နှင့် ပြည်ထောင်စုငြိမ်း ချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းဦး ဆောင်သော အဖွဲ့တို့ နေပြည် တော်၌ ပထမဆုံးအကြိမ်အဖြစ် မတ်လ ၁၅ ရက်တွင် တွေ့ဆုံ မည်ဖြစ်ကြောင်း သတင်းရရှိ သည်။
မတ်လ ၁၅ ရက် နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာ ကွန်ဗင်းရှင်းစင်တာ (MCC) ၌ တွေ့ဆုံမည်ဖြစ်
ကြောင်း မြန်မာငြိမ်းချမ်းရေးနှင့် ပြန်လည် ထူထောင်ရေးဗဟိုဌာန(MPC) မှ အကြီးတန်းအကြံပေးတစ်ဦးက ပြောသည်။
အဆိုပါ တွေ့ဆုံဆွေးနွေး ပွဲသို့ ကေအိုင်အိုမှ အထွေထွေ အတွင်းရေးမှူး ဒေါက်တာလဂျာ ဦးဆောင်တက်

ရောက်မည်ဖြစ် သည်။
ထို့အပြင် တပ်မတော်ထိပ် ပိုင်းခေါင်းဆောင်များနှင့် ကေ အိုင်အို ကိုယ်စားလှယ်အဖွဲ့တို့ NCCT ဆွေးနွေးပွဲမတိုင်မီ သီးခြား တွေ့ဆုံရန် စီစဉ်နေကြောင်း နေပြည်တော်သတင်းရင်းမြစ် များက ဆိုသည်။
ကေအိုင်အိုကိုယ်စားလှယ် အဖွဲ့နှင့် အတူလိုက်ပါလာသည့် ငြိမ်းချမ်းရေးအကျိုးဆောင် အဖွဲ့ (PCG)မှ ဦးအင်ရှန်ဆန်အောင် က ‘‘မနက်ဖြန်(မတ်လ ၁၅ ရက်) ည နေပြည်တော်မှာပဲ အိပ်မယ်။ ဘယ်သူတွေနဲ့ တွေ့မယ်ဆိုတာ က ဟိုရောက်မှသိမှာ’’ဟု ပြော သည်။
ကေအိုင်အိုအဖွဲ့သည် နေ ပြည်တော် ခရီးစဉ်ပြီးဆုံးပါက မတ်လ ၁၇ ရက်တွင် စတင်ပြု လုပ်မည့် တစ်နိုင်ငံလုံးအပစ်အ ခတ် ရပ်စဲရေးဆွေးနွေးပွဲ တက် ရောက်ရန် ရန်ကုန်မြို့သို့ ဆက် လက်ထွက်ခွာမည် ဖြစ်သည်။
အစိုးရနှင့် ကေအိုင်အိုတို့ နေပြည်တော် တွေ့ဆုံမှုတွင် လိုင် ဇာဗိုလ်လောင်းသင်တန်း ကျောင်းပစ်ခတ်ခံရမှု ဖြစ်စဉ်ကို အဓိက ထားဆွေးနွေးဖွယ်ရှိကြောင်း ကေအိုင်အေသတင်းရပ်ကွက်က ဆို သည်။
7 Day

မှတ်ချက်များ