Dior ကုမ္ပဏီမော်ဒယ်လုပ်ဖို့ သဘောတူလိုက်တဲ့ ရီဟားနား
အဆိုတော်ရီဟားနားသည် ပြင်သစ်နာမည်ကျော် ဖက်ရှင် ကုမ္ပဏီ Dior ၏ မျက်နှာသစ်မော် ဒယ်အဖြစ် သဘောတူစာချုပ် ချုပ်ဆိုလိုက်သည်။
ယင်းကြောင့် ရီဟားနား သည် Dior ၏ ပြောရေးဆိုခွင့်ရ ပထမဆုံးလူမည်းအမျိုးသမီးဖြစ် လာသည်။
၎င်းသည် Dior ကုန်အမှတ် တံဆိပ်အတွက် ကြော်ငြာများ၌ ပါဝင်သရုပ်ဆောင်မည်ဖြစ် သည်။ အဆိုတော်ရီဟားနားသည် Dior ၏ Secret Garden အစီ အစဉ်စတုတ္ထပိုင်း၌ ပါဝင်မည်ဖြစ် သည်။
ရီဟားနားပါဝင်သော Dior ကြော်ငြာများကို ယခုနှစ် နွေဦး ရာသီ၌ ထုတ်လွှင့်ပြသသွားမည် ဟု Dior ကုမ္ပဏီပြောရေးဆိုခွင့်ရ သူက Vogue မဂ္ဂဇင်းအားပြော သည်။ ရီဟားနားမတိုင်မီက ဟောလိဝုဒ်စတား များဖြစ်သော ဂျနီဖာ လောရင့်စ်၊ နာတယ်လီပေါ့ထ် မန်း၊ မီလာကူးနစ်နှင့် ရှာလိဇ်သီ ရွန်တို့သည်လည်း Dior မော်ဒယ် များအဖြစ် ဆောင်ရွက်ခဲ့သည်။
7 Day

မှတ်ချက်များ