ရီးယဲမက်ဒရစ်သို့ ဘာတယ်လာ ပြောင်းရွှေ့မည်ဟု ရေးဗားပလိတ် အတည်ပြု


ယခုနှစ် ဘောလုံးရာသီအကုန်တွင် ဂိုးသမား အော်ဂတ်စတို ဘာတယ်လာသည် ရီးယဲမက်ဒရစ်သို့ ပြောင်းရွှေ့လိမ့်မည် ဖြစ်ကြောင်း ရေးဗားပလိတ် အသင်းဥက္ကဋ္ဌ ရိုဒေါဖို ဒီအိုနိုဖရိုင်ယိုက အတည်ပြု ပြောကြားလိုက်သည်။

ချန်ပီယံလိဂ် လက်ရှိချန်ပီယံအသင်းသည် ဇန်နဝါရီလက အသက် ၁၈ နှစ်အရွယ် ဂိုးသမားကို ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း အပြောင်းအရွှေ့ ပိတ်သိမ်းချိန်တွင် သဘောတူညီမှု မရရှိခဲ့ပေ။

သို့သော်လည်း ဘာတယ်လာသည် ယခုအခါတွင် မက်ဒရစ်သို့ တစ်နှစ်အငှားဖြင့် ပြောင်းရွှေ့ရန် သဘော တူညီထားပြီး သဘောတူညီချက်တွင် သတ်မှတ်ထားသည့် ပြောင်းရွှေ့ကြေးဖြင့် အပြီးသတ် ပြောင်းရွှေ့နိုင် မည့် အချက်လည်း ပါဝင်ကြောင်း သိရသည်။

“စာချုပ်မှာ လက်မှတ်မထိုးရသေးပေမယ့် ဇွန်လမှာ ဘာတယ်လာက ရီးယဲမက်ဒရစ်ကို တစ်နှစ်အငှားနဲ့ သွားကစားပါလိမ့်မယ်။ ဒီသဘောတူညီချက်မှာ များပြားလှတဲ့ ပြောင်းရွှေ့ကြေးနဲ့ ဝယ်ယူနိုင်မယ့် အချက် ပါဝင်ပါတယ်” ဟု ဒီအိုနိုဖရိုင်ယိုက ပြောကြားခဲ့သည်။

ဘာတယ်လာသည် အသက် ၂၀ နှစ်အောက် အာဂျင်တီးနားအသင်းအတွက် ရွေးချယ်ခံထားရသော်လည်း ရေးဗားပလိတ်၏ စီနီယာအသင်းတွင် ပွဲထွက်ကစားခွင့် မရရှိသေးပေ။

Soccer Myanmar

မှတ်ချက်များ