စစ်တွေ-မန္တလေး နန်းတော်ဝင် မှန်လုံယာဉ်တိမ်းမှောက် ၃ဦးသေဆုံး၊ ၁၆ဦး ဒဏ်ရာရ
မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် မတ် ၉ ရက် ည ၉ နာရီခွဲခန့်က စစ်တွေမှ မန္တလေးသို့ ခရီးသည် ၄၃ ဦး တင်ဆောင်မောင်းနှင်လာသည့် နန်းတော်ဝင်ယာဉ်လိုင်း ယာဉ်အမှတ် 9B/------FUSO အမျိုးအစား မှန်လုံ ယာဉ်သည် ငဖဲမြို့နယ် စပ်စီကျေးရွာ အုပ်စု မင်းဘူး- အမ်းလမ်းပိုင်း (နတ် ရေကန်ရှောင်ကွင်း) မိုင်တိုင် အမှတ် (၄/၁)အနီး ကုန်းအဆင်းတွင် အရှိန် မထိန်းနိုင်သဖြင့် လမ်းညာဘက်ရှိ ပေ ၁၅ဝ ခန့် နက်သောချောက်ထဲသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှု ကြောင့် ဦးဘခိုင် (၅ဝ နှစ်) (ယာဉ် မောင်း )၊ မန္တလေးမြို့သစ် ဦးရဲထိုက် (ခ)ကုလား (၂၅နှစ်) (ယာဉ်နောက် လိုက်)နှင့် ဦးစန္ဒောဘာသ သက်တော် ၅ဝ၊ ဝါတော် ၃၂ ဝက်မကျကျေးရွာ ပေါက်တောမြို့နေသူ သုံးဦးတို့ သေဆုံးသွားခဲ့ပြီး စုစုပေါင်း ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ) - Myanmaalinn
မှတ်ချက်များ