ကမ္ဘာမြေကြီး၏ အခြောက်သွေ့ ဆုံးနေရာတစ်ခုဖြစ်သည့် အဆိုပါ ဒေသတွင် လွန်ခဲ့သော အင်္ဂါနေ့က စတင်ခဲ့သော မိုးကြောင့် ရေလွှမ်း မှုမှာ နှစ်ပေါင်း ၈ဝ အတွင်း အဆိုးရွားဆုံးဖြစ်ကြောင်း သိရ သည်။
လူ ၁၁ဝဝဝ မှာ ရေလွှမ်းမှု ဒဏ်ကို ခံစားခဲ့ရပြီး လူ ၄၅ဝဝ ကို နေစရာနေရာများ စီစဉ်ပေးခဲ့ရ သည်။
ပြည်ထဲရေးဝန်ကြီးက မြို့ တစ်ခုလုံးသောက်သုံးရေ ပြတ်လပ် မှုနှင့်ကြုံတွေ့နေရကြောင်း ပြောခဲ့ သည်။
ကျွန်တော်တို့ နိုင်ငံသည့် ဤပြဿနာကို ကျော်လွှားနိုင်အောင် အားသွန်ခွန်စိုက် ကြိုးစားရမည် ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောခဲ့သည်။
မိုးအကြီးအကျယ် ရွာသွန်းမှု ကြောင့် အန်ဒီးစ်ဒေသတွင် မြစ်ရေ လျှံမှုများ ဖြစ်ပွားခဲ့သည်။
ကန္တာရမြို့ဖြစ်သော ချန်နရယ် တွင် မိုးအကြီးအကျယ်ရွာသွန်းမှု ကြောင့် မြစ်ရေလျှံခြင်းဖြစ်ကာ လမ်း များပေါ်တွင် ရွှံ့များမြင်မကောင်း အောင် ဖုံးအုပ်ခဲ့သည်။
တာရာအမရီလာတွင်လည်း ကယ်ဆယ်ရေး လုပ်သားများက မိုင်းတွင်းအလုပ်သမား ၁၃ ဦးကို ကယ် ဆယ်ခဲ့သည်။
ထို့အပြင် လူ ၂ဝ ပျောက်ဆုံး မှုကိုလည်း ဆက်လက်ရှာဖွေလျက်ရှိ သည်။ ဗစ်တာဇာမိုရာဒေသတွင် လူ ထောင်ပေါင်းများစွာသည် အိမ်များကို ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
Myanmaalinn

မှတ်ချက်များ