မာရီလင်မွန်ရိုးမသေဆုံးမီ နောက်ဆုံးရိုက်ခဲ့သော ဓါတ်ပုံများ ရောင်းချတော့မည်
ကမ္ဘာကျော် ညို့အားပြင်း မင်းသမီးချော မာရီလင်မွန်ရိုးရဲ့ ရှားရှားရှားပါးပါး ဓါတ်ပုံတွေ စုစည်းထားတာကို အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်မှာ လေလံတင်ရောင်းချသွားတော့မှာ ဖြစ်ပါတယ်။ မာရီလင်မွန်ရိုး မသေဆုံးမီ နောက်ဆုံးရိုက်ထားခဲ့တဲ့ ဓါတ်ပုံတွေလည်း ပါဝင်တာကြောင့် လေလံပွဲကတဆင့် ဒီဓါတ်ပုံ တစ်ပုံအတွက် ပေါင် ၅၀၀၀ လောက်အထိ ရရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။
ဓါတ်ပုံဆရာ စတင်းန် ရိုက်ကူးခဲ့တဲ့ နောက်ဆုံးဓါတ်ပုံတွေလည်း ပါဝင်တာကြောင့် တစ်ချို့ပုံတွေဆို ပေါင် ၅၀၀၀ လောက်အထိရမယ်လို့ ယူဆရပါတယ်။ အပြင်လောကမှာ မရှိသေးတဲ့ မင်းသမီးမွန်ရိုးရဲ့ ရှားရှားပါး ပါး ဓါတ်ပုံတွေသာ ရောင်းချမယ့် ပွဲဖြစ်ပါတယ်။ မွန်ရိုးကို နောက်ဆုံးဓါတ်ပုံရိုက်ပေးခဲ့တဲ့ ဓါတ်ပုံဆရာ စတင်းန်ဟာလည်း ၂၀၁၃ ခုနှစ်က သေဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ ၁၉၆၂ ဇွန်လတုန်းက Vogue မဂ္ဂဇင်း အတွက် မွန်ရိုးကို ဓါတ်ပုံဆရာ စတင်းန်က ရိုက်ပေးခဲ့တာဖြစ်ပြီး မွန်ရိုးဟာ အဲဒနှစ် သြဂုတ်လမှာ သေဆုံး သွားခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ အဲဒီဓါတ်ပုံတွေဟာ “ The Last Sitting ” ဆိုပြီး နာမည်ကြီးလာ ခဲ့ပါတယ်။
ရောင်းချမယ့် ဓါတ်ပုံတွေထဲမှာ မွန်ရိုးတစ်ယောက် ကာလီဖိုးနီးယား ကမ်းခြေမှာ ဘစ်ကနီနဲ့ လဲလျောင်းနေ တဲ့ ပုံလည်း ပါဝင်သလို စွဲဆောင်မှုရှိတဲ့ ညို့အားပြင်းဓါတ်ပုံတွေလည်း ပါဝင်ပါတယ်။
Planet Myanmar

မှတ်ချက်များ