တရုတ်၊ စင်ကာပူမယ်စကြဝဠာအလှမယ်များနဲ့ ပုဂံခရီးစဉ်သွားရောက်ခဲ့တဲ့ မိုးစက်ဝိုင်


မြန်မာနှလုံးသား ပရဟိ တအဖွဲ့၏ လှူဒါန်းမှုအစီအစဉ် တွင်ပါဝင်ခဲ့သော တရုတ်နှင့် စင် ကာပူမယ်စကြဝဠာ ၂၀၁၃ အလှ မယ်များကို ပုဂံသို့ လိုက်ပါပို့ ဆောင်ပေးခဲ့ပြီး ယင်းခရီးစဉ်ကို မှတ်တမ်းတင်ထားကာ Amazing Cities အစီအစဉ်၌ ပြသသွား ရန် အစီအစဉ်ရှိကြောင်း မိုးစက် ဝိုင်က ပြောသည်။

ပုဂံမှာ နာမည်ကြီးဘုရား တွေ အဲဒီလောက်အများကြီးရှိ တာကို သူတို့စိတ်ဝင်စားတယ်။ နောက်ပြီး ဘုရားတွေမှာ ရွှေ သင်္ကန်းကပ်ထားတာကို သူတို့ စိတ်ဝင်စားတယ်။ စေတီတွေက ရွှေအစစ်တွေနဲ့လုပ် ထားတယ်။ ထီးတော်တွေ ဆိုရင်လည်း ကျောက်မျက်ရတနာတွေနဲ့လုပ် ထားတော့ မခိုးဘူးလားလို့မေးကြ တယ်ဟု မိုးစက်ဝိုင်က ပြော သည်။ ထို့အပြင် ဘုရားတစ်ဆူသို့ သွားရောက်ဖူးမြော်ရာတွင် ဆေး ရေးပန်း ချီရေး၍ရသောကြောင့် လက်တွင် ရေးဆွဲခဲ့ကြသကဲ့သို့ ကြိုးဆွဲရုပ်သေးရုပ်လေးများကို လည်း စိတ်ဝင်စား ကြသည်ဟု ဆိုသည်။

တရုတ်အလှမယ်မှာ ပုဂံ ခရီးစဉ်အပြီးတွင် ပြန်သွားပြီး စင် ကာပူအလှမယ်ကိုမူ ပြင်ဦးလွင် ဘက်သို့လိုက်ပါ ပို့ဆောင်ခဲ့ရ သည်ဟု မိုးစက်ဝိုင်က ပြော သည်။

တရုတ်မယ်က မိုးစက်တို့ အလှူသွားတဲ့အချိန်ကတည်းက အရမ်းအခက်အခဲဖြစ်ခဲ့တယ်။ ဖုန်တွေရှူမိပြီး ဖျားသွားတယ်ဟု မိုးစက်ဝိုင်က ပြောသည်။

မြန်မာနှလုံးသားပရဟိတ အဖွဲ့၏ ပထမဆုံးလှူဒါန်းသည့် အစီအစဉ်ကို ကြို့ပင်ကောက်မြို့ ရှိ သင်္ခရိုင် ဘုန်းတော်ကြီးသင် မိဘမဲ့ပညာသင်ကျောင်းတွင် သွားရောက်လှူဒါန်းခဲ့ပြီး ကျောင်း ဆောင်သစ်ဆောက် လုပ်ရန် အလှူငွေကျပ်သိန်း ၃၂၀ နှင့် ကျောင်းထိုင်ဆရာတော်နှင့် ကလေးများအတွက် အလှူငွေ ကျပ် ၁၀ သိန်းလှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

အနုပညာလှုပ်ရှားမှုအနေ ဖြင့် ကြော်ငြာများသာရိုက်ကူးဖြစ် ပြီး မတ်လ ၂ ရက်နှင့် ၃ ရက်တွင် မန္တလေးမြို ၌ အလှူငွေကောက်ခံ မည့် We Are One Myanmar အဖွဲ့၌ ပါဝင်ရန် အစီအစဉ်ရှိ ကြောင်း မိုးစက်ဝိုင်က ပြော သည်။

7Day

မှတ်ချက်များ