ဒီဆန္ဒပြပွဲတွေ အပြီး အခုထိ လူ ၆ဝ ကျော်ကို တရားစွဲထားတာကိုလည်း ခြွင်းချက်မရှိ အမြန်ပြန်လွှတ်ပေး ဖို့၊ ဒီလူတွေဟာ ငြိမ်းချမ်းစွာ စီတန်း စုဝေးခွင့်ကို ကျင့်သုံးတာသာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာန ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
မတ်လ ၅ ရက်နဲ့ ၁ဝ ရက်က ဖြစ်ပွားခဲ့တဲ့ ကိစ္စတွေအတွက် လူထု အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဘက်မ လိုက် ခိုင်လုံတဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့၊ အင်အား မတန်တဆ သုံးတဲ့ လုံခြုံရေး တပ်ဖွဲ့တွေ အပါအဝင် ရုန်းရင်းဆန်ခတ်ဖြစ်အောင် လုပ်သူတွေကို ဖော်ထုတ်ဖို့ကိုလည်း အမေရိကန် နိုင်ငံခြားရေး ဌာနက တောင်းဆိုပါတယ်။
ဒါမှသာ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးနဲ့ ယုံကြည်မှု အပြန်အလှန်ထားရှိရေးမှာ အောင်မြင်မယ်လို့ ရေးသားထားပါတယ်။
BBC Burmese



မှတ်ချက်များ