နှာခေါင်းခွဲစိတ် ပြုပြင်ပြီးနောက် နှာခေါင်းပြည်တည်နာ ဖြစ်လာတဲ့ တရုတ်အမျိုးသမီး
လေထုအရည်အသွေးကောင်းမွန်မှုက အကြောင်းတရား များစွာနဲ့ နီးနီးကပ်ကပ် ပတ်သက် ဆက်နွယ်နေပါ တယ်။ ချောင်းဆိုးတာ၊ အသက်ရှူစနစ်ကြောင့် နာမကျန်းဖြစ်တာတွေဟာ လေထုကြောင့်လို့ ကျွန်ုပ်တို့ ပြောကြပါတယ်။ ဒါပေမယ့် တောင်ကိုရီးယား ပလပ်စတစ် ခွဲစိတ်ကုဆရာဝန်တစ်ဦးရဲ့ ဆင်ခြေဆင်လက် က တော်တော်လေးကို မယုံနိုင် လက်မခံနိုင်စရာဖြစ်နေပါတယ်။
Wuhanက အသက် ၂၇ နှစ်ရှိ အမျိုးသမီးတစ်ဦးဟာ တောင်ကိုရီးယားနိုင်ငံမှာ နှာခေါင်းပလပ်စတစ်ခွဲစိတ် ကုသမှု သွားရောက် ခံယူပြီးနောက် သူမ နှာခေါင်းပြည်တည်နာ ဖြစ်ပေါ်လာခဲ့တယ်လို့ ဆိုပါတယ်။ ခွဲစိတ် ကုသမှုမှာ သူမ ယွမ်ငွေ ၁၀၀,၀၀၀ ($16,110) အသုံးပြုခဲ့ပေမယ့် တရုတ်ပြည်ပြန်လာပြီး တစ်ပတ်အကြာ မှာ သူမနှာခေါင်းက စတင်ယောင်ကိုင်းလာခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံက ဆရာဝန်တွေဆီ ဖုန်းဆက်တော့ သူမနေတဲ့မြို့ရဲ့ လေထုကြောင့် နှာခေါင်းပြည် တည်နာ ဖြစ်ပေါ်တာဖြစ်ကြောင်း ဆရာဝန်တွေက ပြန်လည် ဖြေကြားခဲ့ကြပါတယ်။
ပေါ်ထွန်း - Trend Myanmar

မှတ်ချက်များ