ကျောင်းသားသပိတ် ပိတ်ဆို့၊ မီဒီယာများကို ပြန်ဝင်ခွင့်မပေး









လက်ပံတန်းမြို့က သပိတ်မှောက်ကျောင်းသားများ တည်းခိုနေရာ ကျွန်းကလေး အနောက်လမ်းကို လဲုခြုံရေး ရဲတပ်ဖွဲ့အင်အားနဲ့ ကားတွေနဲ့ပါ ဟိုဘက်ဒီဘက် ပိတ်ဆို့ထားလိုက်ပါတယ်။

မီဒီယာတွေကိုလည်း ထွက်ပြီးရင် ပြန်ဝင်ခွင့်မပေးတော့သလို အပြင်လူတွေလည်း ပေးမ၀င်တော့ဘူးလို့ အဲဒီ့မှာ သတင်းယူနေတဲ့ ဒီဗီဘီ သတင်းထောက်က ပြောပါတယ်။ အောင်မြင်ဗိမာန် ကျောင်းထိုင်ဆ ရာတော်ကတော့ လမ်းမပိတ်ဖို့ ရဲတွေကို သွားရောက် မေတ္တာရပ်ခံနေပါတယ်။

လက်ရှိ ဘုန်းကြီးကျောင်းလမ်းနဲ့ ကိုက် ၁၀၀ အကွာအဝေးမှာ ရဲတပ်ဖွဲ့တဖွဲ့စီ အဆင်သင့် ကားတွေပေါ်မှာ စောင့်နေကြပါတယ်။

သတင်းဓာတ်ပုံ – ကောင်းထက်ကျော် (DVB)

မှတ်ချက်များ