တစ်ခါတလေမှာလူတွေဟာကိုယ်ယုံကြည်ထားတဲ့ အရာကိုဆန့်ကျင်ပြီးအသက်မွေးရတာမျိုးတွေ ရှိတတ်ပါ တယ်။ ဒါပေမယ့် ထရီဗာမက်ကင်ဒရစ်ရဲ့ ဘ၀ဖြတ်သန်းမှုကတော့ ထူးဆန်းနေတယ်လို့ ဆိုရမှာပါ။
ဘာလို့လဲဆိုတော့ ထရီဗာဟာဘာသာမဲ့တစ်ယောက်ဖြစ်ပြီးသမ္မာကျမ်းစာအက်ပလီကေးရှင်းတွေ ရောင်းချ ရင်းနဲ့ တစ်နှစ်ကို ၀င်ငွေ အမေရိကန်ဒေါ်လာ ၁ သိန်းကျော်လောက် ရရှိနေလို့ ဖြစ်ပါတယ်။ ထရီဗာကသူ့ အနေနဲ့ ဒီလိုလုပ်နေရလို့ စိတ်မသိုးမသန့် ဖြစ်ရပေမယ့် ပိုက်ဆံဆိုတာကသည်းခြေကြိုက်မို့ အခက်တွေ့နေ ရတယ်လို့ ဆိုပါတယ်။ ထရီဗာဟာ သူ့ရဲ့အသက်မွေးဝမ်းကျောင်း ဖြစ်လာမယ့်အလုပ်ကိုမိသား စုညစာစား ပွဲတစ်ခုမှာအမှတ်မထင် တွေ့ရှိခဲ့ပြီးသူ့ရဲ့ ဆွေမျိုးတစ်ယောက်ကအိုင်ဖုန်းအက်ပလီကေးရှင်းတွေ ရောင်းပြီး တစ်လကို ၀င်ငွေ အမေရိကန်ဒေါ်လာရှစ်ထောင်ကနေတစ်သောင်းလောက် ၀င်ငွေ ရနေတာသတိထားမိ ခဲ့ပါတယ်။
ဒီလိုနဲ့ ထရီဗာကိုဒီလိုမျိုးစီးပွားရေးလုပ်ဖို့ စိတ်ဝင်စားလာခဲ့ပါတယ်။ အစောပိုင်းမှာရည်ရွယ်ခဲ့တာကသူ ငှားနေတဲ့ အခန်းခတစ်လပေါင် ၆၀၀ လောက်ကိုပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။ အက်ပဲလ်စတိုးမှာဒီလိုစီးပွားရေး လုပ်ဖို့ ကြိုးစားခဲ့ပေမယ့် အရာမထင်ခဲ့ပါဘူး။
နောက်ပိုင်းမှာတော့စပိန်ဘာသာနဲ့ရေးထားတဲ့သမ္မာကျမ်းစာတွေဟာအတော်လေးအဆင်မပြေမှန်းသိလာခဲ့ ပြီးရိုမေးနီးယန်းပရိုဂမ်မာတစ်ယောက်ကိုငှားရမ်းပြီးသမ္မာကျမ်းစာအက်ပလီကေးရှင်းရောင်းချခဲ့ရာမှာအ
တော်လးအဆင်ပြေလာခဲ့ပါတယ်။ ဒီအက်ပလီကေးရှင်းကိုအသံဖိုင်အဖြစ် ရောင်းချခဲ့ရာမှာပိုမိုအောင်မြင်မှု ရရှိခဲ့ပါတယ်။ အခုဆိုရင်တော့ သူဟာတစ်လကိုအမေရိကန်ဒေါ်လာငါးထောင်ကနေခြောက် ထောင်အထိ ၀င်ငွေ ရှိသူတစ်ဦး ဖြစ်နေပါပြီ။
ထရီဗာကသူ့အနေနဲ့ လက်ရှိမှာပိုက်ဆံကိစ္စအတွက် မပူပန်ရတော့ပေမယ့် ကိုယ်ပိုင်သိစိတ်အတွက်တော့ အခက်တွေ့နေရပြီးဘာသာရေးကိုလည်း လုံးဝ မယုံကြည်ကြောင်းဆိုခဲ့ပါတယ်။ ထရီဗာအတွက် သူရောင်း ချနေတဲ့ အက်ပလီကေးရှင်းဟာစိတ်ကူးဥာဏ် ကွန့်မြူးတဲ့ ၀တ္ထုတစ်ပုဒ်လို ဖြစ်နေပြီး ဟယ်ရီပေါ်တာဇာတ် လမ်းကိုဖတ်ပြီး ကြည့်မိသူတွေ အနေနဲ့ ကိုယ်ဖြစ်နေတဲ့ ရောဂါကို ပြန်ပြီးဂမ္ဘီရပညာရပ်နဲ့ ပြန်ပြီးကုစားနိုင် သလားဆိုတာ ပြန်သုံးသပ်သင့်တယ်လို့ ဆိုခဲ့ပါတယ်။
Planet Myanmar

မှတ်ချက်များ