နံရိုးအပြင်မှာထွက်နေတဲ့ နှလုံးသားတစ်စုံနဲ့ သနားစရာ သမီးကလေး



ရုရှားနိုင်ငံက အသက် ငါးနှစ်အရွယ် သမီးငယ်လေးက အဖြစ်ကသနားစရာပါပဲ။ မျက် နှာကလေးက နတ်သမီး လေးတစ်ပါးအသွင် ဖန်ဆင်းပေးထားသယောင်ဖြစ်သော် လည်းပဲ ကံမကောင်းရှာတာက သူမကလေးရဲ့ နှလုံးအစိတ်အပိုင်းတစ်စုံလုံးကခန္ဓာ ကိုယ်နံရိုးတွေရဲ့အပြင်ဘက်မှာ ထွက်ရှိတည်နေ တာပဲဖြစ်ပါတယ်။ သူမကို မြို့တော် တစ်ဝိုက် အိမ်နီးနားချင်းလူတွေက Angel of Heart လို့ ချစ်စနိုးနဲ့ အမည်ပေးခေါ်ကြ ကာ အကူအညီတွေလည်း ပေးကြပါတယ်။

မွေးကတည်းကပါလာတဲ့ဒီအခြေအနေကြောင့်သူမရဲ့ကျန်းမာရေးအခြေအနေကို ဘော်စတွန်မြို့တော်
ဆေးရုံက တာဝန်ရှိဆရာဝန်တွေက စောင့်ကြည့်နေတဲ့ အနေအ ထားမှာပဲရှိနေကြပါတယ်။

ဆေးကုသဖို့ တာဝန်ယူထားတဲ့ ကျွမ်းကျင်ဆရာဝန်တွေက လည်း မည်သည့်နည်းလမ်းဖြင့် ကုသနိုင်ဖို့ကို မတွေ့ရှိသေးပဲ ရှိနေပါတယ်။ သာမန်မ ဟုတ်တဲ့ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်မှုကြောင့် သူမကလေး ကလက်ရှိမှာ အသက် ရှုခြင်းနှင့်ဆိုင်တဲ့ပြင်းထန်တဲ့ ဝေဒနာကိုခံစားနေရပါတယ်။

သမီးကလေးရဲ့မိဘတွေကလည်းဆင်းရဲသားမိဘတွေဖြစ်တဲ့အတွက် ဆေးကုသဖို့၊ ဝေဒနာသက်
သာတဲ့ ဆေးဝါးစရိတ်တွေကို မတတ်နိုင်တဲ့အခြေအနေမှာ ကလေးငယ်အ တွက် အသုံးစရိတ်ရန်ပုံငွေပွဲကို ဆေးရုံကပဲ ဦးစီးတာဝန်ယူပြီးရှာဖွေပေးနေတယ်လို့ သိ ရပါတယ်။ ဝေဒနာအရှိန်ကြောင့် အရိုးပြိုင်းပြိုင်း ထနေတဲ့ သမီးကလေးက ရောဂါဝေဒ နာကို အပြင်းအထန်ခံစားရသော်လည်းပဲက လေးငယ်ဘာဝဆော့ ကစားခြင်း၊ တရား ထိုင်ဘုရားဝတ်ပြုဆုတောင်းခြင်း၊ စာဖတ်ခြင်း တို့ကို ချစ်စဖွယ်ရွှင်လန်းစွာတတ်ကြွစွာ လုပ်ကိုင်နေတာကိုတွေ့ရပါတယ်။

Phothutaw

မှတ်ချက်များ