လူတွေကအသက်ကြီးလာပြီဆိုရင် စိတ်ပျက်စရာတွေ ထပ်မကြုံချင်တော့တာမို့ အရာအားလုံးကိုမေ့လိုက် ချင် ကြပေမယ့် တရုတ်နိုင်ငံ၊ ရှန်ဇီပြည်နယ်ကအသက် ၅၁ နှစ် အရွယ် လီယန်ဇီဆိုတဲ့ အမျိုးသမီးကြီး ကတော့ ဒီလိုမဟုတ်ပါဘူး။
အကြောင်းကတော့ မစ္စလီဟာတရုတ် – အင်္ဂလိပ် အောက်စဖို့ဒ် အဘိဓာန်မှာပါတဲ့ စကားလုံး ၂၂၀၀၀၀ ကို ပြန်လည် ရွတ်ဆိုနိုင်ရုံတင်မကဘဲစာမျက်နှာ ၂၄၅၈ ပါရှိတဲ့ အဲဒီစာအုပ်ထဲကစကားလုံးတွေရဲ့အဓိပ္ပါယ်တွေ ကိုလည်းသေချာမှတ်မိနေလို့ဖြစ်ပါတယ်လက်ရှိမှာလီဟာဇီယန်သယ်ယူပို့ဆောင်ရေးတက္ကသိုလ်ကစီးပွား
ရေးနဲ့ ဘဏ်လုပ်ငန်းဘာသာရပ်မှာဆရာမအလုပ်ကိုလုပ်ကိုင်နေပါတယ်။
လီဟာစိတ်ရောဂါ ခံစားနေရတဲ့ သားဖြစ်သူနဲ့ သားအမိနှစ်ယောက် ပိုမိုအဆင်ပြေစေဖို့ အပိုဝင်ငွေ ရှာတဲ့ အနေနဲ့ ဘာသာပြန်အလုပ်ကိုစတင် လုပ်ကိုင်ခဲ့ပါတယ်။
၂၀၁၃ သြဂုတ်လကစတင်ပြီးလီဟာနေ့တိုင်းကမနက် ၃ နာရီကနေ ၆ နာရီအထိအင်္ဂလိပ်စာစ တင်လေ့ လာ ခဲ့ပြီးတက္ကသိုလ်စာကြည့်တိုက်ကအင်္ဂလိပ်ဘာသာစကားနဲ့ ဆိုင်ရာမဂ္ပဇင်း ၄၆၅ အုပ်ကိုငှား ရမ်းခဲ့ ပါတယ်။ ၁၉ ရက် အကြာလောက်မှာတော့ စကားလုံး ၆၀၀၀ လောက်ကိုမှတ်မိနေတဲ့ အင်္ဂလိပ် ကျောင်း သားတစ်ယောက် ထက် ပိုမှတ်ဥာဏ်ကောင်းလာခဲ့ပါတယ်။
လီဟာခုချိန်မှာအင်္ဂလိပ်စကားအပြင် ပြင်သစ်၊ ရုရှား၊ ဂျပန်၊ ဂျာမနီ၊ ပိုလန် တို့အပါအ၀င် ဘာသာစကား ၁၀ မျိုးလောက်ကို ကျွမ်းကျင်နေပြီပဲ ဖြစ်ပါတယ်။ လီကသူ့ရဲ့ ရည်မှန်းချက်ကတော့ တရုတ်ပြည်မှာလူကြိုက်များ တဲ့ Brain လို့ခေါ်တဲ့ ပြိုင်ပွဲဝင်တွေရဲ့ ဦးနှောက်စွမ်းရည်ကိုစိန်ခေါ်တဲ့ စီးရီးပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ဖြစ်တယ် လို့ ဆိုပါတယ်။ လီက သူမရဲ့ဘ၀မှာ ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရတာတွေ ရှိပေမယ့် လက်လျှော့ လိုက်မယ် ဆိုတဲ့ အတွေးမျိုးတခါမှ မတွေးဖူးဘူးလို့ ဆိုခဲ့ပါတယ်။
Planet Myanmar

မှတ်ချက်များ