ကွန်တိန်နာထဲက တန်ဖိုးနည်း ခေတ်မီနေအိမ်များ


လှပပြီး နေချင်စဖွယ်ကောင်းတဲ့ အိမ်ကလေးတစ်လုံးကို ပိုင်ဆိုင်ဖို့ဆိုတဲ့ စိတ်ကူးအိပ်မက် လူအတော်များ များမှာ ရှိဖူးကြပါလိမ့်မယ်။ ဒါပေမယ့် ငွေကြေးပြည့်စုံအောင် အချိန်အတော်ကြာ ကြိုးစားနေရတဲ့ သူတွေအ တွက်တော့ မလွယ်ကူလှတဲ့အရာဖြစ်ပါတယ်။ ဂျာမနီနိုင်ငံက အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ ဝါနာဆော့ ဘက်က ဒီစိတ်ကူးတွေကို သင့်တင့်တဲ့ဈေးနှုန်းနဲ့ အကောင်အထည်ဖော်ခွင့်ရဖို့ ကြိုးစားပေးလိုက်ပါတယ်။

ဒီဇိုင်နာတစ်ယောက်လည်းဖြစ်တဲ့ ဝါနာဆော့ဘက်ရဲ့ စိတ်ကူးနဲ့ရေးဆွဲထားတဲ့အိမ်ဒီဇိုင်းအရသင့်မှာ သင့် တဲ့တဲ့ မြေနာရာ အကျယ်အဝန်းတစ်ခုရှိတယ်ဆိုရင်ပဲ ခေတ်မီလှပတဲ့ အိမ်တစ်လုံးကို ဈေးသက်သက်သာ သာနဲ့ ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ကွန်တိန်နာပုံစံ လေးထောင့်ပုံ သံသေတ္တာတွေကို ခေတ်မီအသုံးအ
ဆောင်တွေနဲ့ မွမ်းမံပြီး သင်လိုချင်တဲ့ အကျယ်အဝန်းအတိုင်း တည်ဆောက်ပေးမှာဖြစ်ပါတယ်။ ကိုယ်နေ ထိုင်တဲ့အရပ်က ရာသီဥတုကို လိုက်ပြီး အိမ်ခန်းထဲမှာ အပူ၊ အအေး မျှတအောင်လုပ်ပေးနိုင်မယ့် စနစ် လည်း ထည့်သွင်းထားပါတယ်။ အဓိက အားသာချက်ကတော့ စွမ်းအင်ထုတ်လုပ်ပေးနိုင်မှု ဖြစ်ပါတယ်။

လေးထောင့်ပုံစ သံသေတ္တာထဲမှာ ဒီဇိုင်းဆွဲထားတယ်ဆိုပေမယ့် သင့်ကားအတွက် ပါကင်နေရာလည်း လည်း ပါပြီးသားဖြစ်လို့ လမ်းမပေါ်မှာ ရပ်ထားစရာမလိုပါဘူး။ ကွန်တိန်နာတွေကို အိမ်လိုသဘောထားပြီး နေကြတာ အရင်ကတည်းဆိုပေမယ့် ဂျာမန်အင်ဂျင်နီယာ ဆော့ဘက်ရဲ့ စိတ်ကူးစိတ်သန်းကြောင်း သင် ဟာ ခေတ်မီပြီး စမတ်ကျတဲ့ အိမ်တစ်လုံးမှာ နေရသလိုဖြစ်စေမှာပါ။ ဈေးနှုန်းက ၁ စတုရန်းမီတာပတ်လည် ကို အမေရိကန်ဒေါ်လာ ၃၅၀၀ လောက်ကျသင့်မှာဖြစ်ပါတယ်။ အိမ်တစ်လုံးမှာ မဖြစ်မနေ အသုံးဝင်တဲ့ လောင်စာစွမ်းအင်တွေ အတော်များများ ဒီအိမ်ဒီဇိုင်းမှာ ပါဝင်ထားပါတယ်။ လျှပ်စစ်မီး အလင်းအမှောင်က အစ ထုတ်လုပ်ပေးမယ့် ကုမ္ပဏီက ဒီဇိုင်းရေးဆွဲပေးထားမှာ ဖြစ်ပါတယ်။

Planet Myanmar

မှတ်ချက်များ