![]() |
| ရှေ့နေ ဆင်မြူလာ အာဖရီဒီ |
အတုအယောင် ကာကွယ်ဆေးလှုပ်ရှားမှုကို ဆောင်ရွက်ခဲ့လို့ ၂၀၁၂ ခုနှစ်မှာ ထောင်ဒဏ် ၃၃ နှစ်ချမှတ် ခံထားရတဲ့ ဒေါက်တာ ရှာကီဟာ ဘင်လာဒင်ကို ရှာဖွေရာမှာ အကူအညီပေးတယ်လို့ မှတ်ထင်ထားသလို ရှေ့နေ ဆင်မြူလာ အာဖရီဒီက သူရဲ့အမှုကို ခုခံ ချေပပေးခဲ့ပါတယ်။
ဒီထောင်ဒဏ်ကို ၂၀၁၃ ခုနှစ်မှာ ပြောင်းလဲပေးခဲ့ပြီး ဒေါက်တာ ရှာကီယာကတော့ တခြား အမှုတခုနဲ့ ထောင်ထဲကို ရောက်နေပါတယ်။
မတ် ၁၇ ရက်က ပက်ရှဝါမြို့အိမ်အပြန်မှာ ဆင်မြူလာ အာဖရီဒီ သေနတ်နဲ့ ပစ်ခံရပြီး ပွဲချင်းပြီး သေဆုံးသွား တယ်လို့ ရဲတပ်ဖွဲ့ကို ကိုးကားပြီး ရိုက်တာ သတင်းက ရေးပါတယ်။
ဝမ်းဗိုက်နဲ့လည်ပင်းမှာ ၂ ချက် ပစ်ခံရတာလို့ ဆေးရုံပြောခွင့်ရကို ကိုးကားပြီး သတင်းမှာ ဖော်ပြပါတယ်။
လုံခြုံရေးအတွက် နိုင်ငံခြားကနေ မကြာသေးမီကမှ ပြန်လာတာ ဖြစ်တယ်လို့ ဒေသခံ သတင်းတွေက ရေးပါတယ်။
တာလီဘန် အဖွဲ့ခွဲ ၂ ဖွဲ့ကတော့ ရန်သူကို ကာကွယ်ပေးတဲ့အတွက် သတ်ဖြတ်တာ ဖြစ်တယ်လို့ ကြေညာ ပါတယ်။
ဒေါက်တာ ရှာကီက ဘင်လာဒင်ကို နောက်ယောင်ခံထောက်လှမ်းပေးခဲ့သလို သူ့ကို ကပ်လို့မရခင်မှာ ရှေ့နေ ဆင်မြူလာ အာဖရီဒီကို သတ်လိုက်တာဖြစ်တယ်လို့ ဒီအဖွဲ့က ပြောပါတယ်။
ဘင်လာဒင် ပုန်းနေတဲ့ အဘော့တာဘတ်မြို့က အိမ်ကို နောက်ယောင်ခံရာမှာ ကူညီပေးခဲ့တဲ့ အတွက် ဒေါက်တာ ရှာကီကို သူရဲကောင်းတဦးအဖြစ် အမေရိကန် အရာရှိတွေက ချီးကျူးခဲ့ကြပါတယ်။
ဆင်မြူလာ အာဖရီဒီကလည်း ခြိမ်းခြောက်တာတွေ လက်ခံရရှိခဲ့အတွက် ဒေါက်တာ ရှာကီအမှုကို လိုက်ပေးဖို့ အရင်နှစ်က ရပ်တန့်ခဲ့သလို ဒူဘိုင်းကို သွားရောက်ခဲ့တယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။
DVB

မှတ်ချက်များ