ရာသီဥတုအခြေအနေကြောင့် မြန်မာပြည်ဆိုက်ရောက်ရက်ရွှေ့လိုက်ရတဲ့ ကမ္ဘာပတ်လေယာဉ်




နေရောင်ခြည်စွမ်းအင် တမျိုးတည်းကို အသုံးပြုပြီး ကမ္ဘာပတ်မောင်းနှင်မယ့် Solar Impulse 2 ရဲ့ မြန် မာပြည် ဆိုက်ရောက်ရပ်နားမယ့် အစီအစဉ်ဟာ ရာသီဥတုအခြေအနေအရ မတ်လ ၁၉ ရက်နေ့သို့ ပြောင်းလဲလိုက်ရပါတယ်။

တခြားသော ဘယ်လိုလောင်စာမျိုးမှ အသုံးမပြုဘဲ နေရောင်ခြည်စွမ်းအင် တမျိုးတည်းကိုပဲ အသုံးပြု မောင်းနှင်သွားမယ့် ဆွစ်ဇာလန်နိုင်ငံက တီထွင်လိုက်တဲ့ နေရောင်ခြည် စွမ်းအင်သုံးလေယာဉ် Solar Impulse 2 ဟာ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ မတ်လ ၁၆ ရက်နေ့မှာ ရောက်ရှိရပ်နားဖို့ အစောပိုင်းကာလ တွေက ခန်းမှန့်ထားခဲ့ပေမယ့် ရာသီဥတုအခြေအနေကြောင့် အခုလို ရက်ရွှေ့ဆိုင်း လိုက်ရခြင်းပါ။

ရာသီဥတုအခြေအနေကြောင့် လေယာဉ်ဆိုက်ရောက်မယ့်ရက်ဟာ ထပ်မံ အပြောင်းအလဲရှိကောင်း ရှိနိုင်သေးပြီး အခုအချိန်မှာတော့ အိန္ဒိယမှ ထွက်ခွာလာပြီလို့လည်း သိရပါတယ်။

မန္တလေးမြို့မှာ ရောက်ရှိရပ်နားစဉ် မြန်မာနိုင်ငံက နည်းပညာကျောင်းသားများ၊ လေကြောင်း တက္ကသိုလ်
ကျောင်းသားများ၊ စုစုပေါင်း ကျောင်းသားပေါင်း တထောင်ခန့်ကို ပညာရေးဝန်ကြီးဌာနက Solar Impulse 2 ကို အနီးကပ် အသေးစိတ် လေ့လာခွင့်ပြုသွားမယ်လို့လည်း သိရပါတယ်။

ကီလိုမီတာ ၃၅,၀၀၀ (မိုင်ပေါင်း ၂၂၀၀၀) ကို (၅)လတာပျံသန်းသွားမယ့် Solar Impulse 2 ခရီးစဉ်ကို မတ်လဆန်းပိုင်းမှ စတင်ကာ အဘူဒါဘီမြို့မှ စတင်ထွက်ခွာခဲ့တာပါ။

ကမ္ဘာပတ်ပျံသန်းမယ့် ခရီးစဉ်ကို မတ်လဆန်းပိုင်းမှ စတင်ပြီး အရှေ့အလယ်ပိုင်းဒေသ အဘူဒါဘီ (UAE) မှ စတင်ပျံသန်းလာကာ အိုမန်၊ အိန္ဒိယ၊ မြန်မာ ၊ တရုတ်နှင့် ပစိဖိတ်သမုဒ္ဒရာ ၊ အမေရိကန်နိုင်ငံ၊ အတ္တ လန္တိတ် သမုဒ္ဒရာ ၊ ဥရောပတောင်ပိုင်း၊ မြောက်အာဖရိကဒေသတို့ကိုဖြစ်ကာ နေ့ရောညပါ ပျံသန်း သွား မယ်လို့ ဆိုပါတယ်။

ဧရာဝတီ

မှတ်ချက်များ