သင်္ကြန်မတိုင်မီ ချောင်းသာတွင် လည်ပတ်သူများနေပြီး အခန်းနေရာ အခက်အခဲဖြစ်ပေါ်
ပြည်တွင်းခရီးသွားများအများဆုံး လည်ပတ်သော ချောင်းသာကမ်း ခြေတွင်သင်္ကြန်မတိုင်မီကပင်လာရောက် လည်ပတ်သူ များသဖြင့် အခန်းများပြည့်နေပြီး ယခင်နှစ်အလားတူ ကာလထက် ပိုမိုများပြားကြောင်းသတင်း ရရှိသည်။
‘‘ချောင်းသာမှာ မနှစ်ကနဲ့ ယှဉ်ရင် ဒီနှစ်ပိုများတယ်။ မော်တင်ဘုရားပွဲပြီးကတည်းက မပြတ်ဘူး ဖြစ်နေ တယ်။ အရင်ကဆိုရင် ပွဲတော်ရက်တွေမှာပဲများတာ။ ခုက ဆက်တိုက်ပဲ မပြတ်ဘူးဖြစ်နေတယ်။ ၁၀ တန်း စာမေးပွဲပြီးရင် နဲ့ သင်္ကြန်ဆိုရင် ဒီထက်ပိုများ မယ်ထင်တယ်’’ ဟု ချောင်းသာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတေဇာ အောင်ကပြောသည်။
ချောင်းသာ ကမ်းခြေတွင် ခရီးသည်များ လာရောက်မှုများ ပြားနေသောကြောင့် ကားရပ်နားရန် နေရာအ ခက်အခဲများ ရှိနေ သည်ဟု ဦးတေဇာအောင်ကဆက် လက်ပြောကြားသည်။
‘‘ညအိပ်ကားတွေက လမ်း ပေါ်မှာအိပ်တာများတာကြောင့် ကားတွေကျပ်နေတယ်။ ပြီးတော့ လာတဲ့သူများ တာကြောင့် ဥတို ချောင်းတံတားမှာ လမ်းကျပ်တာ တွေရှိတယ်’’ဟု ၎င်းကပြောကြားသည်။
လက်ရှိတွင် ချောင်းသာကမ်း ခြေ၌ ဟိုတယ်အခန်းများ ပြည့်နေပြီး အခန်းငှားရန်အခက်တွေ့ ခဲ့ရကြောင်း ချောင်းသာသို့ သွားရောက်လည်ပတ်ခဲ့သူ ကိုရဲနောင်ကပြောသည်။
‘‘ဟိုတယ်အခန်းရဖို့ တော်တော်ရှာရတယ်။ Sea View ဆိုရင်တော့ ဒီအချိန်မှာ မရနိုင်တော့ဘူး’’ဟု ကို ရဲနောင်က ပြောကြားသည်။
ချောင်းသာသို့ တစ်နေ့လျှင် ကားသုံးစီးအထိ ပြေးဆွဲနေပြီး ပိတ်ရက်များတွင် ကားငါးစီးအထိ ပြေးဆွဲပေးနေ ရသည်ဟု Golden Star အပန်းဖြေခရီးသွားလုပ်ငန်း မှသတင်းရရှိသည်။
‘‘ပုံမှန်လို့တော့ပြောလို့ရပါ တယ်။ ဒါပေမဲ့ သင်္ကြန်အတွက် ကြိုဝယ်တဲ့သူတွေများတော့ သင်္ကြန်ဆိုရင်ပိုများ မယ်ထင်တယ်’’ဟု Golden Star မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ငွေဆောင်ကမ်းခြေသို့လည်း ခရီးသွားဝင်ရောက်မှုမှာ ယခင်နှစ် ထက်နှိုင်းယှဉ်ပါက ခရီးသွားဝင် ရောက်မှု များတိုးလာသည်ဟုဆို သည်။
‘‘ပြည်တွင်း ခရီးသည်ရော နိုင်ငံခြားသားခရီးသည်ပါတိုးလာ တယ်’’ဟု ငွေဆောင်ဟိုတယ်ဇုန်မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
ပြည်တွင်းခရီးသွားများသည် ချောင်းသာကမ်းခြေသို့အသွား များပြီး အေးအေးဆေးဆေးအနား ယူလိုသော ဧည့်သည်များနှင့် နိုင်ငံခြားသားများသည် ငွေဆောင် ကမ်းခြေသို့သွားရောက်လည်ပတ် လေ့ရှိသည်ဟု ခရီး သွားလုပ်ငန်း ရှင်တစ်ဦးကပြောသည်။ လက်ရှိ တွင် ကမ်းခြေခရီးစဉ်အသစ်အနေ ဖြင့် ကျိုက္ခမီ-စက်စဲ ခရီး စဉ်ကိုလည်း ပြည်တွင်းကုမ္ပဏီအချို့က တစ်ရက်ခရီးစဉ်များပြေးဆွဲကာ ပို့ ဆောင်ပေးသည်ဟုသိရသည်။
7 Day

မှတ်ချက်များ