အာဖဂန်နစ္စတန်နိုင်ငံတွင် အမေရိကန် တပ်ဖွဲ့ဝင် ဦးရေလျှော့ချမည့် အစီအစဉ်ကို သမ္မတအိုဘားမား ကပြန်လည်ပြင် ဆင်သည်။
တပ်ဖွဲ့ဝင် ၅၅၀၀ သို့လျှော့ ချသွားရန် ဝါရှင်တန်က မူလက စီစဉ်ထား ခဲ့သော်လည်း အာဖဂန် သမ္မတ ဟာ မစ်ကာ ဇိုင်းနှင့်တွေ့ ဆုံပြီးနောက်တွင် အစီအစဉ် ကိုပြန်လည် သုံးသပ်ကာ အင်အား ၉၈၀၀ ထားရှိသွားရန် အိုဘားမား ကကြေညာ ခဲ့ခြင်းဖြစ်သည်။
"ကျွန်တော်ရဲ့ အမျိုးသား လုံခြုံရေး အဖွဲ့နဲ့ ကျွန်တော်က အာဖဂန်မှာ တပ်စွဲထားတဲ့ တပ်ဖွဲ့ဝင် အင်အားကို ယခုနှစ်ကုန်အထိ အင်အား ၉၈၀၀ ကို ထားရှိသွားဖို့ ဆုံးဖြတ် ပါတယ်။"ဟု အာဖဂန်သမ္မတ ကာဇိုင်းနှင့်အ တူ ပူးတွဲသတင်း စာရှင်းလင်းပွဲတွင် သမ္မတအိုဘားမား ကပြောကြား သွားသည်။
ပြန်လည်ပြင်ဆင်မှု အစီအစဉ်အရ အမေရိကန်တပ်ဖွဲ့ များအနေဖြင့် အာဖဂန်တွင်လေ့ကျင့်ရေး၊ အကြံပေး
ခြင်းနှင့်အာဖဂန် လုံခြုံရေး တပ်ဖွဲ့တို့ကို ပံ့ပိုးခြင်းများ လုပ်ဆောင်သွား မည်ဖြစ်ကြောင်း အိုဘားမား ကပြော သည်။
အာဖဂန်လုံခြုံရေးတပ်များအတွက် ကြမ်းတမ်းသည့် တိုက်ပွဲများအတွင်း ရှိနေဆဲဖြစ်၍ တပ်ဖွဲ့ဝင်များရုတ် သိမ်းခြင်းကို တဖြည်းဖြည်းချင်း သာဆောင်ရွက် ပါရန် သမ္မတကာဇိုင်းက အိုဘားမား ကိုတောင်းဆို ထား ရာမှ ယခုကဲ့သို့ သမ္မတအိုဘားမား ကပြင်ဆင်ဆုံးဖြတ် ခဲ့ခြင်းဖြစ်သည်။
mizzima

မှတ်ချက်များ