စစ်သားက ဂျိုးငှက်ကလေးကို လှောင်ချိုင့်ထဲထည့်ပြီး ပေးနေတာလေးကိုသဘောကျတယ်။ ( စစ်တပ်ကပေး တဲ့ အတုယောင်ငြိမ်းချမ်းရေးကို သရုပ်ဖော်ထားတာ အရမ်းကောင်းတယ်)
လွှတ်တော်ဥက္ကဌနေရာကို ချောင်းနေတဲ့သူရယ် လွှတ်တော်ထဲမှာ အိပ်နေတဲ့သူရယ် လွှတ်တော်ထဲမှာ အစားကြမ်းပြီးအဆီရစ်နေတဲ့သူရယ် အိမ်ဖော်တွေရယ် ကျူးကျော်တွေရယ် စည်းကမ်းမရှိတာတွေရယ်။ ဆင်းရဲသားတွေရယ် မီဒီယာဖိနှိပ်မှုရယ် ဆင်းရဲသားတစ်ယောက်ရဲ့ခေါင်းမှာ ခြင်တစ်ကောင် သွေးစုတ်နေတယ် တကိုယ်လုံးခြင်သွေးစုတ်ရာတွေ ဗလပွနဲ့ မြန်မာပြည်က ဆင်းရဲသားတွေ နည်းအမျိုးမျိုးနဲ့ ဂုတ်သွေးစုတ်ခံနေရတာကို ရည်ညွှန်းပုံရတယ်။
ဒီမိုကရေစီလို့ပြောပြီး လွှတ်တော်ထဲမှာ ပိတ်ဆို့ထားတာတွေရယ် ဆန္ဒပြတာတွေရယ် အကြမ်းဖက်သ မားတွေရယ် စားဖားတွေရယ် မြွေလိုချောင်းနေတဲ့သူတွေရယ် တအံ့တသြကြည့်နေတဲ့ တိုင်းရင်းသားတွေ ရယ် ဖုန်း ကားလေးတွေမှာကြိုးလေးတွေနဲ့မက်လုံးပေးပြီးလိုသလိုကြိုးဆွဲနေတဲ့ပုံတွေရယ် ပုဆိုးလှန်ပြတဲ့ ဝန်ကြီးလား(ငယ်ပါလေးတောင်ပေါ်လို့) အကြမ်းဖက်သမားလာမသိဘူး နောက်မှာ ရဲသားကြီးက လက် ကာပြနေတဲ့ပုံရယ် သစ်ခုတ်နေတဲ့ သူတွေက သစ်မခုတ်ရဥပဒေပြဌာန်းနေပုံရယ် လွှတ်တော်ဥက္ကဌ ကြီးနေတဲ့ စင်မြင့်မှာ လူတယောက်က တဲထိုးပြီး အိပ်နေပုံက အိမ်ယာမဲ့တွေ နေစရာမဲ့နေလို့ လွှတ်တော် ထဲမှာ တဲထိုးနေပုံကို သရော်ထားပုံရတယ်။
ဘော်လီင်္ဘောပုတ်နေတဲ့ပုံရယ် လွှတ်တော်ဥက္ကဌကြီးတော်ကီပွားနေတဲ့ပုံရယ်တရုတ်ကြောက်နေတဲ့ပုံရယ်
မျှားကွေ့လေးက နောက်ကြောင်းပြန်မလှည့်ပေမယ့် ဂငယ်ကွေ့ပြန်ကွေ့နေတယ်လို့ မှတ်ယူလို့ရမယ်။ ပိတ်ထားတဲ့ တံခါးပေါက်လေးက လွှတ်တော်ထဲကို ဝင်ခိုင်းပြီး အပေါက်ရှိပေမယ့် ထွက်မရတဲ့ ပုံ။ အစီရင်ခံစာလို့ထင်ရတဲ့ စာရွက်စာတမ်း တွေရယ်။ံ တကွက်ထဲနဲ့ထိမိတယ်။
(ဓာတ်ပုံပိုင်ရှင်အား credit ပေးပါသည်။)
မျှားကွေ့လေးက နောက်ကြောင်းပြန်မလှည့်ပေမယ့် ဂငယ်ကွေ့ပြန်ကွေ့နေတယ်လို့ မှတ်ယူလို့ရမယ်။ ပိတ်ထားတဲ့ တံခါးပေါက်လေးက လွှတ်တော်ထဲကို ဝင်ခိုင်းပြီး အပေါက်ရှိပေမယ့် ထွက်မရတဲ့ ပုံ။ အစီရင်ခံစာလို့ထင်ရတဲ့ စာရွက်စာတမ်း တွေရယ်။ံ တကွက်ထဲနဲ့ထိမိတယ်။
(ဓာတ်ပုံပိုင်ရှင်အား credit ပေးပါသည်။)

မှတ်ချက်များ