ဂျာမဏီလေယာဉ် ပြင်သစ်မှာ ပျက်ကျ၊ လူ၁၅၀ ၀န်းကျင် သေဆုံးဖွယ်ရှိ


ပြင်သစ်နိုင်ငံ အလ်က်စ်တောင်တန်းမှာ ဂျာမနီလေကြောင်းလိုင်းပိုင် Airbus A320 လေယာဉ် flight# 4U 9525 ဟာ အင်္ဂါနေ့က ပျက်ကျတယ်လို့ ပြင်သစ်လေကြောင်း အာဏာပိုင်တွေနဲ့ ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။

လေယာဉ်ဟာ ဂျာမဏီ တန်ဖိုးနည်းလေကြောင်းလိုင်းတလိုင်းဖြစ်တဲ့ Germanwings လေကြောင်းလိုင်း
လေယာဉ်တစင်းဖြစ်ပြီး စပိန်နိုင်ငံ ဘာစီလိုးနားမြို့ကနေ ဂျာမနီနိုင်ငံအနောက်ပိုင်းက ဒူဆယ်လ်ဒေါ့ဖ် Dusseldorf မြို့ကိုပျံသန်းလာစဉ်မှာ ပျက်ကျခဲ့တာပါ။ ခရီးသည် ၁၄၂ ဦးနဲ့ လေယာဉ် အမှုထမ်း ၆ ဦး စုစုပေါင်း ၁၄၈ ဦးလိုက်ပါသွားပြီး အားလုံး သေဆုံးဖွယ်ရှိတယ်လို့ ပြင်သစ်ဝန်ကြီးချုပ် Manuel Valls က ပြောဆိုပါတယ်။ လေယာဉ်ပျက်ကျရတဲ့အကြေင်းရင်းကို မသိရသေးပဲ လေယာဉ်ပျက်ကျတဲ့ နေရာဟာ သွားလာရေးအလွန်ခက်ခဲတဲ့နေရာလို့ ပြင်သစ်သမ္မတက ပြောဆိုပါတယ်။

 ပြင်သစ်ပြည်ထဲရေးဝန်ကြီးကိုလည်း လေယာဉ်ပျက်ကျတဲ့နေရာကို စေလွှတ်ထားပြီး အရေးပေါ်ကယ် ဆယ်ရေးဌာနတခုကို ဖွင့်လှစ်ထားလိုက်တယ်လို့ ဆိုပါတယ်။ ပျက်ကျသွားတဲ့ လေယာဉ်ဟာ ၁၉၉၁ ခုနှစ်ကတည်းက Lufthansa လေကြောင်းလိုင်းမှာ ပျံသန်းနေပြီး သက်တမ်း ၂၄ နှစ်ရှိပြီလို့ အင်တာနက် လေကြောင်း အချက်အလက်တွေအရ သိရှိရပါတယ်။

DVB

မှတ်ချက်များ