မွတ်စလင်လူငယ်ကွန်ယက်က ကန်တော်ကြီးတွင် လက်ပတ်ဖြူလှုပ်ရှားမှုလုပ်


ကျောင်းသားများအား အကြမ်းဖက် ဖမ်းဆီးမှုကို ရှုံ့ချခြင်း နှင့် ဖမ်းဆီးခံ ကျောင်းသားများ လွတ်မြောက်ရန် မွတ်စလင်လူငယ်ကွန်ယက်က လူငယ် ၂၀ခန့်က ရန်ကုန်မြို့ ကန်တော်ကြီး ပုဂံလုံးကျွန်းတွင် မတ်လ ၂၃ ရက် နံနက် ၇ နာရီမှ ၈နာရီအတွင်း လက်ပတ်ဖြူ လှုပ်ရှားမှု ပြုလုပ်ခဲ့သည်ဟု ဦးဆောင်သူ ကိုပြည့်စုံဝင်းက မဇ္ဈိမကို ပြောသည်။

"အစိုးရ အကြမ်းဖက်မှုကို ကန့်ကွတ်တယ်၊ ဖမ်းထားတဲ့ ကျောင်းသားတွေကို အမြန်ဆုံးလွှတ်မြောက်စေဖို့ ကို မွတ်စလင်ဘာသာ နဲ့ ဆုတောင်းပွဲလုပ်တယ်။ ဒီနေ့ လက်ပတ် ၂၀၀၀န်ကျင်းကို မနက်စောစော ကန်တော်ကြီးထဲ လမ်းလျှေက်တဲ့သူ အပန်းဖြေတဲ့သူတွေကို ဝေခဲ့တယ်"ဟု ၎င်းကဆိုသည်။

ယင်းလှုပ်ရှားမှုတွင် လူငယ်အင်းအား ၂၀ ပါဝင်ခဲ့ပြီး ကဗျာရွတ်ခြင်း၊ မွတ်စလင် ဘာသာဖြင့် ဆုမွန်ဒိုအာပြု ဆုတောင်းပေးခြင်း၊ကျောင်းသားများ လွတ်မြောက်ရေး ရည်စူးပြီး ငှက်များလွှတ်၍ ဆုတောင်းခဲ့သည်။

ကျောင်းသားသပိတ် လှုပ်ရှားမှုများအား အစိုးရက အကြမ်းဖက်ဖြိုခွင်းမှုအပေါ် ရှုတ်ချသည့် အနေဖြင့် ကိုဖုန်မော်ကျဆုံးခဲ့သည့် (၂၇) နှစ်ပြည့်၊ မတ် ၁၉ရက်တွင် ရန်ကုန်အပါအဝင် မြို့နယ် ၁၉မြို့နယ်တွင် လက်ပတ်ဖြူ လှုပ်ရှားမှု ကိုစတင် ခဲ့သည်။

ခင်မြတ်မြတ်ဝေ - mizzima

မှတ်ချက်များ