ပါကစ္စတန်အစိုးရက မြေပြင်က မြေပြင်ကို တိုက်ချင်းပစ် ဒုံးကျည်တစီးကို မတ် ၉ ရက်နေ့က အောင်အောင်မြင်မြင် လွှတ်တင်နိုင်ခဲ့ပါတယ်။
ဒီဒုံးကျည်ဟာ ပုံမှန်ထိပ်ဖူးနဲ့ နျူကလီးယားထိပ်ဖူးပါ တပ်ဆင်နိုင်ပြီး အကွာအဝေး ၁၇၀၉ မိုင်ထိ ပစ်လွှတ်နိုင် တယ်လို့ ပါကစ္စတန် စစ်တပ်က ကြေညာချက် ထုတ်ပြန်ပါတယ်။
ရှာဟဲင်း သရီး ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုဟာ လက်နက်စနစ်ထဲမှာ နည်းပညာနယ်ပယ်နဲ့ ပုံစံထုတ်မှု အကန့်အသတ်အတွင်း အမြင့်ဆုံးအကွာအဝေးကို ရည်မှန်းပစ်လွှတ်တာလို့လဲ ကြေညာချက်က ဆိုပါတယ်။
အာရေဗျပင်လယ်ထဲကို ဒုံးကျည်ပစ်လွှတ်စမ်းသပ်မှုကို ဗျူဟာစီမံကိန်းတပ်ခွဲ၊ ဗျူဟာတပ်ဖွဲ့တွေ သိပ္ပံပညာ ရှင်တွေနဲ့ ဗျူဟာအဖွဲ့အစည်းတွေထဲက အင်ဂျင်နီယာတွေ တက်ရောက် သက်သေ ထူခဲ့ပါတယ်။
ပါကစ္စတန်နဲ့ အိန္ဒိယဟာ ဒုံးကျည်စမ်းသပ်မှုတွေ ပုံမှန်လုပ်နေပြီး တနိုင်ငံကို တနိုင်ငံလဲ ကြိုတင် အကြောင်းကြားလေ့ ရှိပါတယ်။
နျူကလီးယားလက်နက်ပိုင်ရှင် ပြိုင်ဘက် အိမ်နီးချင်း ၂ နိုင်ငံဟာ ၁၉၄၇ က ဗြိတိသျှကိုလိုနီစနစ်အောက် ကနေ လွတ်လပ်ရေး ရယူပြီးနောက်ပိုင်း စစ်ပွဲကြီး ၃ကြိမ် တိုက်ခဲ့ ဖူးပါတယ်။
DVB

မှတ်ချက်များ