အရေးပေါ်လူနာတွေကို ရိုင်းစိုင်းတဲ့ အပြုအမူများနဲ့ဆဲဆိုခဲ့တဲ့ ဆေးအကူဝန်ထမ်းအမျိုးသမီး အလုပ်မှထုတ်ပယ်ခံခဲ့ရ




ရုရှားနိုင်ငံ၊ ကီရိုဗ် မြို့တော် အရေးပေါ်ကယ်ဆယ်ရေး ဆေးတပ်ဖွဲ့ဝင်အ မျိုးသမီးတစ်ဦးက အသက်သေ
ရေးရှင်ရေးအတွက် အရေးပေါ်အသက်လု နေရတဲ့ လူနာတစ်ဦး၏ရှေ့တွင် လူသားမဆန် ရုတ်ရင်းရက် စက်သည့် အပြု အမူကြောင့် အလုပ်မှထုတ်ပယ်ပြီး အပြစ်ပေးအရေးယူခံခဲ့ရတယ်လို့ သိရပါ တယ်။

စုံစမ်းစစ်ဆေးချက်များအရ ယင်းဆေးဘက်အကူ ဝန်ထမ်း အသက် ၂၅ နှစ် အရွယ်အမျိုးသမီး တာတီရာ နာကာလီကိုဗာက မြို့တော်ဆေးရုံသို့ အရေး ပေါ်လူနာကို တင်ဆောင်လာသည့်ယာဉ်ပေါ် ဆေးဘက်အ ကူအဖြစ်လိုက်ပါ လာစဉ်မှာ အခြေအနေအသည်းအသန်ဖြစ်နေသည့် လူနာကို လက်ခလယ် လက်ချောင်း ကို ထောင်ပြပြီး ရိုင်းစိုင်းတဲ့အပြုအမူနဲ့ Selfie ဓာတ်ပုံရိုက်ခဲ့တာ ကို စစ်ဆေးတွေ့ရှိရပါတယ်။

ထိုသို့ မှတ်တမ်းတင်ရိုက်ထားသောပုံများကို သူမရဲ့ အင်တာနက်စာမျက်နှာမှာ သူမရဲ့ ဒီလိုငြီးငွေ့စ ရာကောင်းတဲ့ အလုပ်နဲ့ သေခါနီးလူနာတွေကို အ ရေးပေါ်ပြုစုပေးရတာကို စိတ်ကုန်နေပြီဖြစ်ကြောင်း လူနာတွေကိုအမြန်ဆုံး ဘဝကူးသွားရန် ကျိန်ဆဲဆန္ဒပြုပါကြောင်းတို့နဲ့ ရိုင်းစိုင်းစွာရေးသားတုန့်ပြန် ခဲ့တဲ့ အတွက် အခုလို အလုပ်ထုတ်ခံရပြီး အပြစ်ပေးခံခဲ့ရတာပဲဖြစ်ပါတယ်။

ဖိုးသူတော်

မှတ်ချက်များ